နေပြည်တော် ၁၅ ဧပြီ
ဧပြီ ၁၅ ရက် နံနက် ၈ နာရီ၊ ၉ မိနစ်၊ ၄၅ စက္ကန့်တွင် ဟားခါးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၁၇) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း ထန်တလန်မြို့၏ အနောက်မြောက်ဘက် (၅) မိုင်ခန့်အကွာတွင် မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်။
အဆိုပါ မြေငလျင်သည် မြောက်လတ္တီတွဒ် (၂၂.၇၂) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၃၆) ဒီဂရီ၊ အနက် (၂၈) ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်သွားပြီး အင်အားရစ်(ခ်)တာစကေး (၅.၁) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခုဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
MDN