ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ခန့်ထားခြင်း
၁။      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အောက်ဖော်ပြပါ ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများကို အစမ်းခန့်ကာလ ( ၁ ) နှစ် ပြည့်မြောက်သည့်နေ့မှစ၍ အတည်ပြုခန့်ထားလိုက်သည်-
    အမည်    ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး
        ရာထူး၊ ဌာန
    (က)    ပါမောက္ခ ဒေါက်တာအေဘီ    ပါမောက္ခချုပ်
            အခြေခံကျန်းမာရေးတက္ကသိုလ်(မကွေး)
            ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန
            ကျန်းမာရေးဝန်ကြီးဌာန
    ( ခ )  ဦးအောင်ကျော်မိုး    ညွှန်ကြားရေးမှူးချုပ်
            ပြန်လည်ထူထောင်ရေးဦးစီးဌာန
            လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
            ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
၂။      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာတင် ကို မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့်ထားလိုက်သည်။