လောက်ကိုင် စက်တင်ဘာ ၁၂
၂၁၂၁ခုနှစ် အောက်တိုဘာလ (၁) ရက်တွင်ကျရောက်မည့် (၅၇) ကြိမ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့၊ လောက်ကိုင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးငြိမ်းချမ်းအေး ဦးစီးတပ်ဖွဲ့ဝင်များက ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ဆီအောနဂါးလှိုင်ဂူ ဘုန်းတော်ကြီးကျောင်းရှိ ဆရာတော် သံဃာတော်များအား ဆွမ်းဆန်တော်၊ နဝကမ္မ အလှူငွေများနှင့် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း အာဆီယံသပြေပင် (၁၀၀) စိုက်ပျိုး လှူဒါန်းခဲ့ကြောင်း သိရသည်။
(ကိုကိုဇော်)


