စစ်တွေ  ၁၇   စက်တင်ဘာ 

 

၅၅ နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့ မနက်ပိုင်းက စစ်တွေမြို့၊ အမှတ်(၁၇) တပ်မတော်ဆေးရုံ၊ (ခုတင် ၁၀ဝ)၌ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ စာရေးဝန်ထမ်းများနှင့် မိသားစုဝင်များ၊ အမှတ်(၄) လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့မှူးရုံးအောက်ရှိ လုံခြုံရေးရဲတပ်ဖွဲ့ခွဲများမှတပ်ဖွဲ့ဝင်များ စုပေါင်း၍ သွေးအမျိုးအစားမျိုးစုံ ၈၄ လုံးကိုလှူဒါန်းကြသည်။

 

55

 

သွေးလှူဒါန်းရာသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ အမှတ်(၃) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊ ခေတ္တဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူး(စစ်တွေ) ဗိုလ်မှူးကြီး စိုးရွှေ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်း၊ အမှတ်(၄) လုံခြုံရေးရဲကွပ်ကဲမှု အဖွဲ့မှုရုံးမှ ကွပ်ကဲရေးမှူး ရဲမှူးချုပ် မြဝင်းနှင့် ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

 

ထို့အတူ စက်တင်ဘာလ ၁၅ ရက်နေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီး ကြည်လင်း ဦးဆောင်ပြီး တပ်ဖွဲ့ဝင်အင်အား ၁၇၀ ကျော်တို့သည် စစ်တွေမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း သန့်ရှင်းသာယာလှပရေးအတွက် ချုံနွယ်ပေါင်းမြက်နှင့် အမှိုက်များအား ခုတ်ထွင်ရှင်းလင်းခဲ့ကြကြောင်းသိရသည်။ 

 

ကံထွန်း