၉  နိုဝင်ဘာ

မြန်မာနိုင်ငံတွင် အထည်ချုပ်စက်ရုံများ တည်ထောင်ထားသော ကိုရီးယားသမ္မတနိုင်ငံရှိ SMK International Co., Ltd. ၏ ဥက္ကဋ္ဌဖြစ်သူ Mr. Kim Sung-Min သည် နိုဝင်ဘာ ၉  ရက်၊ မွန်းလွဲ ၂ နာရီ ခွဲ အချိန်တွင် မြန်မာသံရုံး၊ ဆိုးလ်မြို့သို့ လာရောက်၍ သံအမတ်ကြီး ဦးသန့်စင်အား တွေ့ဆုံကာ မြန်မာနိုင်ငံရှိ COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းစဉ်တွင် အသုံးပြုနိုင်ရန်အတွက် COVID-19 ရောဂါ ရှိ/မရှိ စစ်ဆေးသည့် ကိုရီးယားနိုင်ငံထုတ် PRIME4DIA Co., Ltd. မှ ထုတ်လုပ်သော အမေရိကန်ဒေါ်လာ ၉,၀၀၀ တန်ဖိုးရှိ Test Kit အခုရေ (၁,၀၀၀) အား ပေးအပ်လှူဒါန်းခဲ့ပါသည်။ ထို့နောက် သံအမတ်ကြီးမှလည်း ၎င်းအား ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့သည်။

 

SMK International Co., Ltd. ကုမ္ပဏီသည် မြန်မာနိုင်ငံရှိ အထည်ချုပ်လုပ်ငန်းကဏ္ဍတွင် (၂၀၀၀) ပြည့်နှစ်မှစတင်၍ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့သည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး လက်ရှိ၌ မြန်မာဝန်ထမ်း (၄,၀၀၀) ခန့်ဖြင့် အထည်ချုပ်စက်ရုံ (၃)ရုံအား တည်ထောင်လည်ပတ်လျက်ရှိသည်။

 

မြန်မာသံရုံး၊ ဆိုးလ်မြို့အနေဖြင့် ယခုလက်ခံရရှိသော Test Kit များအား မြန်မာနိုင်ငံသို့ ဆောလျင်စွာ ဆက်လက်ပို့ဆောင် ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

#နိုင်ငံခြားရေးဝန်ကြီးဌာန