ထားဝယ်၁၈ ဇူလိုင် 

 

မြန်မာနိုင်ငံရှိ LGBT အခွင့်အရေးများကို တိုးတက်မှုရှိစေမည့် နည်းဗျူဟာနှင့် နည်းလမ်းများ၊ ကျင့်ဝတ်များစာအုပ် မိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့နံနက် ဝ၉း၃၀ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဇေယျာထက်စံဟိုတယ်၌ ကျင်းပသည်။

 

အခမ်းအနားတွင် Field Coordinator Colors Rainbow Dawei Office ဒေါ်အေးအေးမွန် က Colors Rainbow ၏နောက်ခံသမိုင်းအကြောင်း၊ ပညာပေးခြင်း၊ စာအုပ်စာစောင်များထုတ်ဝေခြင်း၊ လူထုကြားစည်းရုံးလှုံဆော်ခြင်း၊ ကွန်ရက်ချိတ်ဆက်လုပ်ဆောင်ခြင်း၊ ဥပဒေများပြုပြင်ပြောင်းလဲရေး စသည့်အကြောင်းအရာများကို ရှင်းလင်းပြောကြား သည်။

 

ထို့နောက် Program Colors Rainbow Yangon Office မှ ဒေါ်နန်းဆုမွန် က မြန်မာနိုင်ငံရှိ LGBT အခွင့်အရေး များကိုတိုးတက်မှုရှိစေမည့် နည်းဗျူဟာနှင့် နည်းလမ်းများ၊ကျင့်ဝတ်များ စာအုပ်အကြောင်းအား မိတ်ဆက်ပြောကြားပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားသည်။

 

အဆိုပါအခမ်းအနားသို့ Field Coordinator Colors Rainbow မှ တာဝန်ရှိသူများ၊ တရားလွှတ်တော်ရှေ့နေ ဦးအောင်မြင့်၊ လူအခွင့်အရေးမှ  ဦးသန်းဝင်း၊ လူမှုရေးအဖွဲ့အစည်းများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း ထားဝယ်ခရိုင်ပြန်/ဆက်မှ သတင်းရရှိသည်။

 

MDN