ရန်ကုန် ၁၇ မေ 

 

ယနေ့နံနက် ၉ နာရီက မြန်မာနိုင်ငံရှိ မလေးရှားနိုင်ငံ လုပ်ငန်းရှင်များမှ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူ လက်ဝှေ့အားကစားရုံ၌ ဖွင့်လှစ်ထားသည့် ရန်ကုန်တိုင်းဒေသကြီး လူမှုကူညီရေးအဖွဲ့ Special Rescue Team ကွပ်ကဲရေးစခန်းသို့ ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြရန် နှာခေါင်းစည်းများ၊ PPE ၀တ်စုံများ မျက်နှာ အကာအကွယ်များကို ပေးအပ်လှူဒါန်းခဲ့သည်။ 

 

လှူဒါန်းမှုတွင် မြန်မာနိုင်ငံရှိ မလေးရှားနိုင်ငံ လုပ်ငန်းရှင် သူငယ်ချင်များကိုယ်စား Mr.Chia ကလှူဒါန်းရခြင်းနှင့် ပက်သတ်၍ ရှင်းလင်းပြောကြားပြီး Mask ၁၂၀၀၀၊ PPE ၀တ်စုံ ၁၅၀၊ မျက်နှာအကာအကွယ် ၂၀၀ ခု၊ 100 Plus  အချိုရည်ဘူး ၉၆၀  တို့ကို ပေးအပ်ရာ ရန်ကုန်တိုင်းဒေသကြီး လူမှုကူညီရေးအဖွဲ့ (ရန်ကုန်) YRO ဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။

 

ယခုလှူဒါန်းသည့် နှာခေါင်စည်း၊ PPE၀တ်စုံ၊ မျက်နှာအကာအကွယ်များကို လက်ရှိကွပ်ကဲရေး စခန်းနှင့် အသင်းများအား ကိုဗစ်-၁၉ ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ပြန်လည်ခွဲဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

တင်စိုး(မြန်မာ့အလင်း)