နေပြည်တော် ၂၃ မေ

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အနေဖြင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ အား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် အညီစိစစ်ကာ ဆောင်ရွက်ပေးလျက်ရှိသည်။

၂၀၁၉ ခုနှစ် မတ်လအတွင်း ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ (၁၆၆ ဒသမ ဝ၁၈) သန်း၊ ၂၀၁၉ ခုနှစ် ဧပြီလ အတွင်း ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ (၅၄၅ ဒသမ ၆၈၃) သန်း ခွင့်ပြုဆောင်ရွက်ပေးနိုင်ခဲ့သည်။

၂၀၁၉ ခုနှစ် မတ်လနှင့် ဧပြီလအတွင်း ခွင့်ပြုခဲ့သည့် နိုင်ငံခြားရင်နှီးမြှုပ်နှံမှု လုပ်ငန်း များမှာ အောက်ပါအတိုင်းဖြစ်သည်-    

 

111

 

၂၀၁၉ ခုနှစ် မတ်လအတွင်း ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းတန်ဖိုး ကျပ် (၇၅၇၀၅ ဒသမ ၃၂၅) သန်းနှင့် ၂၀၁၉ ခုနှစ် ဧပြီလအတွင်း ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု စုစုပေါင်းတန်ဖိုး ကျပ် (၈၁၅၃၆ ဒသမ ၉၈၇) သန်း ခွင့်ပြု ဆောင်ရွက်ပေးနိုင်ခဲ့သည်။

၂၀၁၉ ခုနှစ် မတ်လနှင့် ဧပြီလအတွင်း ခွင့်ပြုခဲ့သည့် မြန်မာနိုင်ငံသား ရင်နှီးမြှုပ်နှံမှုလုပ်ငန်း များမှာ အောက်ပါအတိုင်းဖြစ်သည်-

55

 

၂၀၁၉ ခုနှစ် မတ်လနှင့် ဧပြီလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၏ ကဏ္ဍအလိုက် ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ တိုးချဲ့ ဖန်တီးနိုင်မှုအခြေအနေမှာ အောက်ပါအတိုင်းဖြစ်သည်-

 

333

 

၂၀၁၉ ခုနှစ် မတ်လနှင့် ဧပြီလအတွင်း မြန်မာနိုင်ငံသားများရင်းနှီးမြှုပ်နှံမှုတွင် ဆောင်ရွက်လျက် ရှိသော လုပ်ငန်းများ၏ ကဏ္ဍအလိုက် ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ တိုးချဲ့ဖန်တီးနိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်သည်-

 

mdn