မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး သဘောထားထုတ်ပြန်ကြေညာ
(၁)    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က (၂၀၂၂)ခုနှစ်၊ ဧပြီလ(၂၂) ရက်နေ့တွင် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ မိန့်ခွန်းပြောကြားခဲ့ပါသည်။ 
(၂)     (၂၀၂၂)ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ်  သတ်မှတ်ပြီး လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေး အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် ဖိတ်ခေါ်ပါကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။ 
(၃)     ထိုသို့ပြောကြားချက်သည် တိုင်းရင်းသားပြည်သူအားလုံး မျှော်လင့်တောင့်တလျက်ရှိသော ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု၏ အရသာကို ခံစားနိုင်ရေးအတွက် ရှေးရှုဖော်ဆောင်ခြင်း ဖြစ်ပါသည်။ “ ရုပ်ရှင်သည် ပြည်သူ့အတွက် ” ဟူသော   ဆောင်ပုဒ်နှင့်အညီ    ပြည်သူများ  လိုလားတောင့်တ သော ငြိမ်းချမ်းရေးလုပ်ဆောင်မှုကို ကြိုဆိုထောက်ခံပါကြောင်း သဘောထားထုတ်ပြန်ကြေညာအပ် ပါသည်။
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး