အောင်လံ  ၂၆   ဧပြီ

 

မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)နှင့် CB Bank, CB-KMA ဖောင်ဒေးရှင်းတို့မှပံ့ပိုးလှူဒါန်းသော ဆန် ဆီနှင့် အခြားစားသောက်ကုန်ပစ္စည်းအား   မကွေးတိုင်းဒေသကြီး သဘင်အစည်းအရုံးမှ ထပ်ဆင့်ပေးအပ်လှူဒါန်းခြင်းကို ဧပြီ ၂၅ ရက် ည(၇)နာရီက အောင်လံမြို့ စမ်းချောင်းရပ်ကွက် မြို့နယ်သဘင်အစည်းအရုံးဥက္ကဋ္ဌ၏နေအိမ် ယာယီရုံးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါလှူဒါန်းမှုတွင် တိုင်းဒေသကြီးသဘင်အစည်းအရုံးဥက္ကဌ ဦးမင်းခန့်ကိုက ကိုဗစ်−၁၉ ရောဂါ ကာကွယ်နေရချိန်တွင် သဘင်ပညာရှင်မိသားစုများ စားသောက်မှုအခြေအနေ အခက်အခဲမရှိစေရေး အတွက် မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)ကိုယ်စား လာရောက်လှူဒါန်းရခြင်း ဖြစ်ကြောင်းနှင့် လှူဒါန်းပစ္စည်အမျိုးအမည်နှင့် အရေအတွက်တို့ကိုရှင်းလင်းပြောကြားပြီး မြို့နယ်သဘင်အစည်းအရုံးဝင် (၁၁၉)ဦးတို့အတွက် တစ်ဦးလျှင် ဆန်(၈)ပြီ၊ ဆီ(၅၀)ကျပ်သား၊ ကြက်သွန်နီ(၁)ပိဿာ၊ ပဲထောပတ်(၅၀)ကျပ်သားနှင့် ဆား(၅၀)ကျပ်သားနှုန်းစီအား ပေးအပ်လှူဒါန်းခဲ့ရာ သဘင်ပညာရှင် မိသားစုများကိုယ်စား မြို့နယ်သဘင်အစည်းအရုံးဥက္ကဋ္ဌ ဦးသိန်းအောင်က လက်ခံရယူပြီး   ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

 

သိန်းလွင်(အောင်လံ)