ရန်ကုန် ၂၇ နိုဝင်ဘာ

မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (MJA) က ကြီးမှူးကျင်းပသည့် ဆဋ္ဌမအကြိမ် သက်ကြီးသတင်းစာ ပညာရှင်ကြီးများအား ပူဇော်ကန်တော့ပွဲ အခမ်းအနားကို ယနေ့နံနက် နာရီက ရန်ကုန်မြို့ မြို့တော်ခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဥက္ကဋ္ဌ ဦးမြတ်ခိုင်က သက်ကြီးသတင်းစာပညာရှင်ကြီးများအား ပူဇော်ကန်တော့ပွဲကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ရန်ကုန်မြို့တော် ဒုတိယမြို့တော်ဝန် ဦးစိုးလွင်က အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ သတင်းစာဆရာအသင်း အထွေထွေအတွင်းရေးမှူး ဦးသာဇော်က ကန်တော့ခံ သက်ကြီးသတင်းစာပညာရှင်ကြီးများနှင့် မိတ်ဆက်ပေးသည်။

ဆက်လက်၍ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ရန်ကုန်တိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က ကန်တော့ချိုးတိုင်ပေးပြီး တက်ရောက်လာကြသူများက သက်ကြီးသတင်းစာပညာရှင်ကြီးများအား ပူဇော်ကန်တော့ကြသည်။

ယင်းနောက် အလှူရှင်များက အလှူငွေများကို ပေးအပ်လှူဒါန်းကြရာ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်တို့က လက်ခံကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကြသည်။

ထို့နောက် ကန်တော့ခံ သက်ကြီးသတင်းစာပညာရှင်ကြီးများအား Ooredoo Myanmar က လှူဒါန်းသည့် ဖုန်းသုံးလုံးကို ကံစမ်းမဲဖောက်ပေးပြီး အလှူငွေနှင့် ကန်တော့ပစ္စည်းများကို လက်ဝယ်အရောက် ပူဇော်ကန်တော့ကြသည်။

ယင်းနောက် သက်ကြီး သတင်းစာပညာရှင်ကြီးများကိုယ်စား မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဦးအုန်းကြိုင်(ဟံသာဝတီအုန်းကြိုင်)က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အသင်းအတွင်းရေးမှူး() ဒေါ်အိအိတင်က ကျေးဇူးတင်စကား ပြောကြားသည်။

ယနေ့ အခမ်းအနားတွင် မြန်မာနိုင်ငံသတင်းစာဆရာအသင်းက သက်ကြီး သတင်းစာပညာရှင်ကြီး ၅၇ ဦးအား တစ်ဦးလျှင် ငွေကျပ်တစ်သိန်းနှင့် အလှူပစ္စည်းများ ပူဇော်ကန်တော့ခဲ့ကြကြောင်း သိရသည်။

သတင်း- ရီရီမြင့်

ဓာတ်ပုံ- လှမိုး