မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ
သဘောထားထုတ်ပြန်ကြေညာချက်(၁/၂၀၂၂) 

၁။ ယနေ့ကာလသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ထာဝရ ငြိမ်းချမ်းရေးရရှိရေး၊ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေးတို့အတွက် နိုင်ငံတော်၊ တပ်မတော်နှင့် ပြည်သူအားလုံးတို့ ပူးပေါင်းဆောင်ရွက်နေရသည့် အချိန်ကာလ ဖြစ်ပါသည်။ 
 
၂။ ဤသို့သောအချိန်ကာလတွင် ဘက်စုံကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရန်အလို့ငှာ၊ နိုင်ငံတော်ကို ဦးဆောင်မှုပြုသူများက နိုင်ငံကျော်အနုပညာရှင်များ ပါဝင်သည့်အဖွဲ့တစ်ဖွဲ့ကို ပြည်တွင်းရှိ အထင်ကရနေရာများသို့ သွားရောက်ဖျော်ဖြေပေးခြင်းဖြင့် ပြည်သူများ၏စိတ်ဓာတ်ခွန်အားကို မြှင့်တင်ပေးလျက် ရှိကြောင်း သိရှိရပါသည်။ 

၃။ ထိုသို့ဖျော်ဖြေရေးဖြင့် ပြည်သူများ၏ စိတ်ဓာတ်ခွန်အားကို အားဖြည့်မြှင့်တင်ဆောင်ရွက်ပေး မည့်အဖွဲ့သည် ပြင်ဦးလွင်မြို့သို့ မြန်မာ့မီးရထားဖြင့် သွားရောက်စဉ် ၂၀၂၂ ခုနှစ် မတ်၂၉ ရက်နေ့ ၁၅:၄၅ အချိန်ခန့်တွင် အကြမ်းဖက်သမားများ၏ ရီမုမိုင်းတစ်လုံးဖြင့် အဝေးမှ နှောင့်ယှက်တိုက်ခိုက် ခြင်း ခံခဲ့ရပါသည်။ 

၄။ အဆိုပါဖြစ်စဉ်တွင် မီးရထားဝန်ထမ်းများနှင့် အနုပညာရှင်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရပါသည်။ ၅။ အဆိုပါအကြမ်းဖက်သမားများ၏ လုပ်ဆောင်မှုသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ ထာဝရငြိမ်းချမ်းရေးရရှိရေးနှင့် စစ်မှန်၍စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေးတို့ကို အထောက်အကူမပြုသော အဖျက် အမှောင့်လုပ်ငန်းများဖြစ်သည့်အတွက် အဆိုပါလုပ်ဆောင်မှုအပါအဝင် အကြမ်းဖက်လုပ်ဆောင် မှုမှန်သမျှအား လုံးဝ (လုံးဝ)လက်မခံကန့်ကွက်ပါကြောင်း သဘောထားထုတ်ပြန် ကြေညာအပ်ပါသည်။

(မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ)