ရန်ကုန် ဩဂုတ် ၂၂

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် သတင်းမီဒီယာသမားများ အရည်အသွေးမြှင့်တင်ရေး သင်တန်းအမှတ်စဉ်(၁)ကို အဆိုပါကောင်စီရုံးခန်းမ၌ ဩဂုတ် ၂၁ ရက်နေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်သည်။

သင်တန်းဖွင့်ပွဲ၌ ဒုတိယဥက္ကဋ္ဌ(၁) ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)က အဖွင့်အမှာစကားပြောကြားရာတွင် သတင်းသမားများ လိုက်နာသင့်သည့် သတင်းမီဒီယာကျင့်ဝတ်များ၊ နိုင်ငံတော်နှင့် ပြည်သူ လူထုအကျိုးအတွက် သတင်းအမှန်များ ဖော်ထုတ်ပေးနိုင်ရန် လိုအပ်ချက်များကို ပြောကြားပြီး သတင်းမီဒီယာကျင့်ဝတ်နှင့် သတင်းမီဒီယာဖွံ့ဖြိုးရေးကော်မတီ ခေါင်းဆောင်သင်တန်းမှူး ဦးအောင်ပြည့်စုံ က သတင်းသမားများ သတိပြုလိုက်နာသင့်သည့် အချက်များကိုမျှဝေခြင်း၊ သတင်းမီဒီယာလောက ဖွံ့ဖြိုးရေးအတွက် Round discussion activities ပြုလုပ်ခြင်းများကို ဦးဆောင်ဆွေးနွေးသည်။

ထို့နောက် သင်တန်းနည်းပြများက သတင်းသမားများ အရည်အသွေးမြှင့်တင်ရေးအတွက် လိုက်နာကျင့်သုံးအပ်သည့် နည်းလမ်းများ၊ ဥပဒေသများကို နံနက်ပိုင်း၊ မွန်းလွဲပိုင်း နှစ်ကြိမ်ခွဲ၍ ဆွေးနွေးပို့ချကြောင်း သိရသည်။

မောင်နိုင်