မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဉက္ကဋ္ဌ ဦးကျော်ကျော်မောင် ရန်ကုန်ဘဏ်ခွဲ၌ စက်သစ်များ တပ်ဆင်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော်  ၂   ဒီဇင်ဘာ

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲ၌ ဂျာမနီနိုင်ငံမှ ထုတ်လုပ်သည့် ဘဏ်လုပ်ငန်းဆိုင်ရာ စက်သစ်များ တပ်ဆင်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌသည် ကမ္ဘာ့ဘဏ်ချေးငွေ အစီအစဉ်ဖြင့် ဝယ်ယူထားသော ဂျာမနီနိုင်ငံ Giesecke & Devrient Co, Ltd မှ ထုတ်လုပ်သော ငွေစက္ကူများအား မြန်ဆန်စွာ စစ်ဆေးရေတွက်ခြင်း၊ အတုအစစ် ခွဲခြားခြင်းနှင့် ပြန်လည်သုံးစွဲသင့်သော ငွေစက္ကူအား ခွဲခြားခြင်းနှင့် ထုပ်ပိုးနိုင်ခြင်း လုပ်ငန်းစဉ်များအား အလိုအလျောက်ဆောင်ရွက်နိုင်မည့် Bank Note Processing Machine BPS-M7 စက်များတပ်ဆင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး စက်များတပ်ဆင်မှု၊ နေရာချထားမှု၊ ထိန်းသိမ်းစောင့်ရှောက်မှုများနှင့် လုံခြုံမှုရှိရေးတို့ကို တာဝန်ရှိသူတို့အား မှာကြားသည်။

 

(သတင်းစဉ်)