နေပြည်တော် ဇန်နဝါရီ ၆

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး H.E Mr. Mongkol Visitstump ဦးဆောင်သောအဖွဲ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ကံ့ကော်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ 

တွေ့ဆုံစဉ် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌတို့က နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးတွင် ထိုင်းဘတ်/ မြန်မာကျပ် တိုက်ရိုက်ငွေပေးချေမှု အခြေအနေ၊ ထိုင်းနိုင်ငံရှိ မြန်မာရွေ့ပြောင်းအလုပ်သမားများမှ ငွေလွှဲပို့မှုဆိုင်ရာများ၊ နိုင်ငံခြားသုံးငွေကိစ္စရပ်များနှင့် မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံတို့အကြား ဘဏ်လုပ်ငန်းနှင့်ငွေပေးချေမှု စနစ်ဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ကြသည်။ 

တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌများ၊ အမြဲတမ်းအတွင်းဝန် နှင့် ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြသည်။

သတင်းစဉ်