နေပြည်တော် ဇန်နဝါရီ

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်အာရပ် သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mrs. Aya Saad Mohamed Abdelkarimကို ယနေ့ နံနက် ၁၀ နာရီခွဲတွင်လည်းကောင်း၊ ရုရှားနိုင်ငံသံအမတ်ကြီး H.E. Mr. Iskander Azizov ကို မွန်းလွဲ ၁ နာရီတွင်လည်းကောင်း၊ နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

အီဂျစ်အာရပ် သမ္မတနိုင်ငံသံအမတ်ကြီးနှင့်တွေဆုံစဉ် ပြည်တွင်းဘဏ်များ၌ ငွေစာရင်း ဖွင့်လှစ်ဆောင်ရွက်မှု အခြေအနေများနှင့် နိုင်ငံခြားသုံးငွေလုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

 

mdn

 

အလားတူ ရုရှားနိုင်ငံသံအမတ်ကြီးနှင့်တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့ကြား ကုန်သွယ်မှုဆိုင်ရာငွေပေးချေမှုများ လျင်မြန်ချောမွေ့စေရေးအတွက် ငွေပေးချေမှုစနစ်များ ချိတ်ဆက်ဆောင်ရွက်နေမှုအခြေအနေနှင့် ကဒ်စနစ် အပြန်အလှန်ဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

 

တွေ့ဆုံပွဲများသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြသည်။

 

သတင်းစဉ်