နေပြည်တော် ၁၇ ဇွန်
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်သည် State Bank of Vietnam မှ Deputy Governor ၊ Mrs. Nguyen Thi Hong ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် (၁၁:ဝ၀)နာရီတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ကံ့ကော်ခန်းမ၊ နေပြည်တော်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအခြေအနေများ၊ နှစ်နိုင်ငံကြား စီးပွားရေး နှင့် ဘဏ်လုပ်ငန်းကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေးနှင့် နှစ်နိုင်ငံဗဟိုဘဏ်များကြား ဘဏ်လုပ်ငန်းပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများ ပိုမိုရရှိနိုင်ရေးအတွက် နားလည်မှုစာချွန် လွှာလက်မှတ်ရေးထိုးရေးဆိုင်ရာများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)