နေပြည်တော် ၂ အောက်တိုဘာ
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Scot Marciel နှင့် အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ (US- ASEAN Business Council) ဥက္ကဋ္ဌ Mr. Alexander C. Feldman နှင့်အဖွဲ့အား ယမန်နေ့မွန်းလွဲ ၃နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဇမ္ဗူသီရိခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် အမေရိကန်နှင့် မြန်မာနိုင်ငံတို့ကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေးဆိုင်ရာကိစ္စ၊ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာများ၊ ဘဏ်များနှင့်ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာများ၊ အာမခံလုပ်ငန်းဆိုင်ရာများ၊ သတင်းအချက်အလက် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာများ၊ မြန်မာနိုင်ငံတွင် ငွေရေးကြေးရေးနှင့် ဘဏ်လုပ်ငန်းကဏ္ဍ၌ အီလက်ထရောနစ် ငွေကြေးနှင့်ငွေပေးချေမှုစနစ် တိုးတက်လာရေးဆိုင်ရာများ၊ မြန်မာနိုင်ငံ၏ ငွေရေးကြေးရေးကဏ္ဍနှင့် အရင်းအနှီးဈေးကွက်ဆိုင်ရာများ၌ ဖွံ့ဖြိုးတိုးတက်လာစေရေးဆိုင်ရာ ကိစ္စများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


