နေပြည်တော်  ၉  မေ 


မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်သည် မြန်မာနိုင်ငံဆိုင်ရာကိုရီးယား သမ္မတနိုင်ငံသံအမတ်ကြီး H.E. Mr. Lee Sang-hwa ဦးဆောင်သောအဖွဲ့အား ယနေ့နံနက် (၁၁:ဝ၀)နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ကံ့ကော်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ 
    

တွေ့ဆုံဆွေးနွေးရာ၌ မြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့ကြား နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်းများ ပိုမိုတိုးတက်လာစေရေး၊ မြန်မာနိုင်ငံ၏ ငွေရေးကြေးရေးနှင့် ဘဏ်လုပ်ငန်းကဏ္ဍများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် ငွေရေးကြေးရေးကဏ္ဍ၌ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်