နေပြည်တော် ၃၁ ဇူလိုင် 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ၂၀၁၉ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၉ နာရီ၌ နေပြည်တော်ကောင်စီနယ်မြေ၊ ဉတ္တရသီရိမြို့နယ်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်တွင် ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်၊ ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်း၊ ဦးစိုးသိန်းနှင့်  ဝန်ထမ်းများက သတ်မှတ်နေရာများတွင် ကံ့ကော်ပင်၊ မဟော်ဂနီပင်၊ ခရေပင်၊ စိန်တလုံး သရက်ပင်နှင့် နှစ်ရှည်အပင် စုစုပေါင်း(၅၀ဝ)ကို စိုက်ပျိုးခဲ့ကြသည်။ 

သတင်းစဉ်