နေပြည်တော် ၄ စက်တင်ဘာ
မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်သည် ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဒေါ်ခင်စန်းလှိုင်နှင့် အဖွဲ့အား ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဇမ္ဗူသီရိခန်းမ၌ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ရွှေဈေးနှုန်း၊ ဘဏ်လုပ်ငန်း၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဆောင်ရွက်လျက်ရှိသော ဥပဒေစည်းမျဉ်းဆိုင်ရာ များကို ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်


