နေပြည်တော် ၁၂ ဒီဇင်ဘာ
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်သည် 2019 IMF Article IV Consultation Mission မှ Mission Chief Mr. ShanakaJayanath Peiris နှင့်အဖွဲ့အား ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် နေပြည်တော်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ လက်ရှိ စီးပွားရေးဖွံဖြိုးတိုးတက်မှု အခြေအနေများ၊ ငွေကြေးမူဝါဒ၊ နိုင်ငံခြားငွေလဲလှယ်နှုန်းမူဝါဒနှင့် အတိုးနှုန်းဖြေလျှော့ရေးဆိုင်ရာများ၊ ဘဏ် လုပ်ငန်းကဏ္ဍ ပိုမို အားကောင်းခိုင်မာစေရေးအတွက် စည်းမျဉ်းဆိုင်ရာ ထိန်းကျောင်းမှုများနှင့် ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှု စနစ်ဆိုင်ရာများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)