နေပြည်တော်  ၂၄  ဇွန် 

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်သည် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့မှ Mission Chief Mr. Shanaka Jayanath Peiris နှင့်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌  လက်ခံတွေ့ ဆုံသည်။

 

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအခြေအနေနှင့် အလားအလာများ၊ အတိုးနှုန်း၊ နိုင်ငံခြားငွေလဲလှယ်နှုန်းနှင့် ငွေကြေးမူဝါဒဆိုင်ရာများ၊  ငွေရေးကြေးရေးကဏ္ဍ၌ ပိုမိုအားကောင်း ခိုင်မာစေရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

(သတင်းစဉ်)