နေပြည်တော် ၁၆ ဇန်နဝါရီ
မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်သည် Federal Reserve Bank of New York မှ Senior Vice President ၊ Mr. Mike Schetzel နှင့်အဖွဲ့အား ယနေ့နံနက် (၁၁)နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဇဗ္ဗူသီရိခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ပြည်ပနိုင်ငံများအကြား ငွေလွှဲပြောင်းမှုကိစ္စ၊ ဘဏ်များအချင်းချင်း နိုင်ငံတကာငွေပေးချေမှု လွယ်ကူချောမွေ့စေရေးကိစ္စနှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများမှ လိုက်နာဆောင်ရွက်ရမည့် ငွေကြေးခဝါချမှုဆိုင်ရာ လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲသို့ ဒုတိယဥက္ကဋ္ဌများနှင့် ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)