နေပြည်တော် ၄ ဖေဖော်ဝါရီ 

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်သည် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ လီကွတ်ဝ်သွမ်နှင့်အဖွဲ့အား ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ကံ့ကော်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံတို့အကြား စီးပွားရေးလုပ်ငန်းများနှင့် ဘဏ်လုပ်ငန်းကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်နိုင်မှု အခွင့်အလမ်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

သတင်းစဉ်