အုတ်ဖို နိုဝင်ဘာ ၃
မြန်မာနိုင်ငံတွင် အသက်အကြီးဆုံးဖြစ်သော သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ သရက်ပင်ကံကျေးရွာတွင် နေထိုင်သည့် (၁၂၈)နှစ်အရွယ်ရှိ အဘွားဖြစ်သူ ဒေါ်ထွေးထံသို့ ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ လစဉ်ထောက်ပံ့ပေးသော ထောက်ပံ့ငွေများအား နိုဝင်ဘာလ(၂)ရက်နေ့ နံနက်ပိုင်းက အုတ်ဖိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ သွားရောက်ထောက်ပံ့ပေးခဲ့သည်။
သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ရှမ်းရွာအုပ်စု၊ သရက်ပင်ကံကျေးရွာတွင် နေထိုင်သည့် အဘွားဒေါ်ထွေး(၁၂၈)နှစ်သည် မြန်မာနိုင်ငံတွင် အသက်အကြီးဆုံးဖြစ်ပြီး ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ နိုဝင်ဘာလမှစတင်၍ လစဉ်ငွေကျပ် (၁၅၀၀၀၀) အား ထောက်ပံ့ပေးလျှက်ရှိကြောင်း သိရသည်။
အဆိုပါ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ နိုဝင်ဘာလအတွက် ထောက်ပံ့ပေးသော ငွေ(၁၅၀၀၀၀) ကျပ်အား အစိုးရအဖွဲ့ကိုယ်စား အုတ်ဖိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးအောင်ဇော်မင်းမှအိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)


