ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းတွင် ရွှေအရောင်းအဝယ် ပြုလုပ်နိုင်မည့် မိုဘိုင်း အက်ပလီကေးရှင်း တစ်ခုကို ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းက အသင်းရုံးတွင် စတင်မိတ်ဆက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အသင်းသားများထံသို့ မိုဘိုင်း အက်ပလီကေးရှင်းများ ထည့်သွင်းကာ မိတ်ဆက်ပြသပေးခဲ့ပြီး Admin System တွင် အသင်းဝင်၏ အချက်အလက်များ ထိန်းသိမ်းခြင်း၊ Deposit ငွေပမာဏ သတ်မှတ်ခြင်း၊ တစ်နေ့တာ အရောင်းအဝယ် ပြုလုပ်ထားသည်များ ဈေးနှုန်းနှင့် ပစ္စည်းပမာဏအား Transaction Record များ မြင်တွေ့နိုင်ခြင်း စသည့် အားသားချက်များ ရရှိမည်ဖြစ်ပြီး Mobile Application တွင် Deposit ( ကြိုသွင်းငွေပမာဏ) အဝယ် Transaction စာရင်းသွင်းခြင်း၊ အရောင်း Transaction အတည်ပြုခြင်း၊ အရောင်းအဝယ် Transaction Record ကြည့်ခြင်း၊ အရှုံးအမြတ် စာရင်းများလည်း ကြည့်ရှုနိုင်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း(YGEA) အနေဖြင့်မြန်မာနိုင်ငံတွင် ပထမဆုံးအဖြစ် ရွှေအရောင်းအဝယ် လုပ်ငန်းကို မိုဘိုင်း အက်ပလီကေးရှင်းကို စတင် စမ်းသပ်ဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်၊ အထွေထွေအတွင်းရေးမှူး ဦးဝင်းမြင့်၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များနှင့် အသင်းဝင်များ တက်ရောက်ကြကြောင်း သိရသည်။
MDN