ဝက်လက် ၉ ဇန်နဝါရီ

 

စစ်ကိုင်းတိုင်ဒေသကြီး၊ ဝက်လက်မြို့တွင် နှစ်စဉ် ပြာသိုလပြည့်နေ့တွင် ဘုရားကြီးကျောင်းတိုက်၊ မြို့နယ် သံဃနာယကအဖွဲ့ (ရွှေကျင်)အကျိုးတော်ဆောင်ဆရာတော် ဒ္ဒန္တမာနိတ ဦးဆောင်၍ နှစ်စဉ် ကျင်းပမြဲဖြစ်သော စောင်အလှူပွဲကို ယနေ့ နံနက် ၇ နာရီက ဝက်လက်မြို့ ဘုရားကြီးကျောင်း တိုက်အတွင်းရှိ သဲပုံစေတီ၌ ကျင်းပခဲ့သည်။

 

41

 

အဆိုပါ စောင်အလှူပွဲတွင် ဝက်လက်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း (၁၅) ကျောင်းမှ သံဃာတော် အပါး (၄၀ဝ) ကျော်တို့ကို ဝက်လက်မြို့နှင့် မန္တလေးမြို့မှ ဒါယကာ၊ ဒါယကာမ များက လှူဒါန်းသော စောင်အထည် (၅၀ဝ) ကျော်ခန့်ကို မဲများဖောက်ကာ သံဃာတော်များအား လှူဒါန်းရာ ပိုလျှံသော စောင်များကို ဝက်လက်မြို့နယ် အတွင်းရှိ စာသင်တိုက်များရှိ သံဃာတော်များကို လှူဒါန်းခဲ့သည်။

 

752.

 

ထို့အပြင် စောင်အလှူပွဲသို့ ကြွရောက်လာသော သံဃာတော်များကို အာရုဏ်ဆွမ်းအဖြစ် သတ်သတ်လွတ် ဆွမ်းနှင့် ဆွမ်းဟင်းများ၊ မြန်မာမုန့်များ ကပ်လှူခဲ့ကြောင်း ယခုအကြိမ် စောင် အလှူပွဲမှာ (၅၁) ကြိမ်မြောက် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 

741263.30

 

စိုးစိုးလှိုင် (ဝက်လက်)