၁။    မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသည် စားနပ်ရိက္ခာဖူလုံရေး၊ အာဟာရပြည့်ဝရေးနှင့် အစားအစာ ဘေးကင်းလုံခြုံမှုရှိစေရေးဟူသည့် ရည်မှန်းချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အားလျော်စွာ ပြည်သူများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်း၍ သန့်ရှင်းကောင်းမွန်သော အသားများ စားသုံးနိုင်ရန်အလို့ငှာ မိမိတို့ဌာနရှိ ဇီဝလုံခြုံမှုအဆင့်-၂(BSL–2) ရှိသည့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်၊ (ရွှေမြို့)တိရစ္ဆာန်ရောဂါရှာဖွေရေးဓာတ်ခွဲခန်းများတွင် ဝက်ကူးစက်ရောဂါများအပါအဝင် အခြားတိရစ္ဆာန်ကူးစက်ရောဂါများကို ရှာဖွေစစ်ဆေးရေး လုပ်ငန်းများ ဆောင်ရွက်လျက် တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။

 

၂။    စစ်ဆေးချက်များအရ ဝက်တုပ်ကွေးရောဂါပိုး (Swine Flu–H1N1) အား မတွေ့ရှိရပါသဖြင့် ဝက်တုပ်ကွေးရောဂါ (Swine Flu–H1N1) သည် မြန်မာနိုင်ငံတွင် ကူးစက်ပျံ့နှံ့ခြင်းမရှိကြောင်း အများပြည်သူသိရှိနိုင်ရန် သတင်းထုတ်ပြန်ကြေညာအပ်ပါသည်။

 

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန