၃ မတ်

 

၂၀၁၉ ဂျပန်-အာဆီယံ ယူ-၁၉ အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုဒုတိယနေ့ကို ယနေ့နံနက်ပိုင်းက ဂျပန်နိုင်ငံ၌ ကျင်းပရာ မြန်မာနှင့် ဂျပန် ယူ-၁၉ အမျိုးသမီးအသင်းတို့ တစ်ဂိုးစီသရေကျခဲ့သည်။

 

အဖွင့်ပွဲတွင် ဗီယက်နမ်အသင်းကို ဂိုးမရှိသရေကျထားသည့် မြန်မာအသင်းသည် ယခုပွဲတွင်လည်း အိမ်ရှင်ဂျပန်အသင်းကို ထပ်မံသရေကစားနိုင်ခဲ့ခြင်းဖြစ်သည်။ 

 

မြန်မာ ယူ-၁၉ အမျိုးသမီးအသင်သည် ပွဲထွက်လူစာရင်းကို အပြောင်းအလဲအချို့ပြုလုပ်ခဲ့ပြီး ပထမပိုင်းတွင် ဂျပန်အသင်း၏ ဦးဆောင်ဂိုးကြောင့် နောက်မှလိုက်ကစားခဲ့ရသည်။ အုပ်စုပွဲများကို ရက်ဆက်ကစားနေရသောကြောင့် မြန်မာအသင်းသည် ဒုတိယပိုင်းတွင် ကစားသမားများ အပြောင်းအလဲပြုလုပ်ခဲ့ပြီး ၄၆ မိနစ်တွင်လူစားဝင်ကစားသမား စန်းသော်သော်က ချေပဂိုးပြန်သွင်းခဲ့သည်။ ဂျပန်အသင်းသည် ပထမပွဲတွင် ထိုင်းအသင်းကို လေးဂိုးပြတ်အနိုင်ရထားပြီး မြန်မာအသင်းနှင့်ပွဲတွင် သရေသာကစားနိုင်ခဲ့ခြင်းဖြစ်သည်။

 

မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် အုပ်စုတတိယပွဲအဖြစ် မတ် ၄ ရက် နံနက်ပိုင်းတွင် ဂျပန်ကလပ် အိုကီနာဝါ ယူ-၁၉ အသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

သတင်း-ရဲရင့်ရှိုင်း