နေပြည်တော်၊ အောက်တိုဘာ ၂၄
FIFA နိုင်ငံတကာ ချစ်ကြည်ရေး ခြေစမ်းပွဲ မြန်မာအမျိုးသမီး လက်ရွေးစင်ဘောလုံးအသင်းနှင့် တရုတ်(ဟောင်ကောင်) အမျိုးသမီးဘောလုံးအသင်းတို့၏ ဒုတိယပွဲစဉ် ကို အောက်တိုဘာ ၂၆ ရက်၊ မွန်းလွဲ ၃ နာရီခွဲတွင် ရန်ကုန်မြို့၊ လှိုင်မြို့နယ် Yangon United Sports Complex ( YUSC )ကွင်း၌ ဆက်လက် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
အဆိုပါပွဲစဉ်ကို ယင်းနေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်မှ စတင်၍ MRTV HD Channel၊ MRTV Parliament Channel နှင့် မြန်မာအသံရေဒီယိုတို့မှ တိုက်ရိုက်(Live) ထုတ်လွှင့်ပေးမည်ဖြစ်သည်။
(သတင်းစဉ်)


