နေပြည်တော် ၂၃ မတ်
ယနေ့ညနေ ၅ နာရီ ၅၉ မိနစ်တွင် ကမ္ဘာအေးမြငလျင်စခန်းမှ အနောက်တောင်ဘက် မိုင် (၂၈၀) ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (Andaman Islands, India Region)ကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး (၅.၁)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည်။
အဆိုပါငလျင်သည် မြောက်လတ္တီတွဒ် (၁၄.၁၉) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၂.၉၇) ဒီဂရီ၊ အနက်(၁၀၂) ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိသည်။
MDN