မြန်မာ့ပင်လယ်ပြင်တွင် အင်အား ၄ ဒသမ ၆ အဆင့်ရှိ ငလျင်လှုပ်

နေပြည်တော် ၇ ဇူလိုင်

 


ယနေ့ မွန်းလွဲ ၁ နာရီ ၂၄ မိနစ်တွင် မြန်မာ့ပင်လယ်ပြင်၊ ကိုကိုးကျွန်း၏ အရှေ့မြောက်ဘက် (၈၂)မိုင်ခန့်အကွာ ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး (၄ ဒသမ ၆)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ထုတ်ပြန်သည်။

 

အဆိုပါငလျင်သည် မြောက်လတ္တီတွဒ် (၁၄ ဒမသမ ၈၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄ ဒသမ ၃၇) ဒီဂရီ၊ အနက် (၇၆)ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့သည်။

 

MDN