မြန်မာပြည် သူတွေအားလုံး တစ်မိုးအောက်တည်းမှာ စည်းလုံးညီ ညွတ်စွာ နေထိုင်ဖို့လိုပါတယ်

နေပြည်တော် ၁၃ ဖေဖော်ဝါရီ

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်တွင် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုက ရက်တစ်အစည်းအရုံးတို့ ပါဝင်လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့နေ့လည်ပိုင်းက နေပြည် တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန- (MICC-2) ၌ ကျင်းပခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ တက်ရောက်လာသော ပြည်ပနိုင်ငံများမှ သံတမန်များနှင့် ကုလသမဂ္ဂအဖွဲ့ အစည်းများမှ မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ်တို့၏ မြန်မာနိုင်ငံ ၏ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်၍ Myanmar Digital News မှ တွေ့ဆုံမေး မြန်းဖြစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီး  K.W.N.D Karunaratne က “တိုင်းရင်းသား အဖွဲ့ အစည်းနှစ်ခုက တစ်တိုင်းပြည်လုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ် ရေးထိုးတာ ဖြစ်ပါတယ်။ အခုချိန်ဟာဆိုရင် တဖြည်းဖြည်းနဲ့ ထာဝရငြိမ်း ချမ်းရေးရရှိဖို့ လမ်းကြောင်း မှန်ပေါ် ရောက်ရှိနေတဲ့အချိန်ဖြစ်ပါတယ်။  မြန်မာနိုင်ငံဟာ တိုင်းရင်းသားပေါင်း စုံနေထိုင်တဲ့ ပြည်ထောင်စုတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်မှသာထာဝရငြိမ်း ချမ်းရေးကို ရရှိမှာ ဖြစ်ပါတယ်။

အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေကြား ထာဝရငြိမ်းချမ်းရေး ရရှိဖို့ကတော့ စိတ်ရှည်သည်းခံဖို့ လိုအပ်ပါတယ်။ အခုဆိုရင် တိုင်းရင်းသားအဖွဲ့အစည်းနှစ်ခုက တစ်တိုင်းပြည်လုံး ပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးတဲ့ တိုင်းရင်းသားအဖွဲ့အစည်း ၁၀ ခုထိ ရှိလာခဲ့ပါပြီ။ ကျန်တဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေကလည်း တဖြည်းဖြည်းနဲ့ တစ်တိုင်းပြည်လုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးလာပါလိမ့်မယ်။  

သီရိလင်္ကာနိုင်ငံရဲ့ ငြိမ်းချမ်ရေးဖြစ်စဉ်က နှစ် ၃၀ ကျော်ကြာခဲ့တဲ့ ပြည်တွင်းပဋိပက္ခဖြစ်ပါတယ်။ မြန်မာ နိုင်ငံရဲ့ ပြည်တွင်းပဋိပက္ခတွေကတော့ တိုင်းရင်းသားလူမျိုးစုတွေနဲ့ဆိုင်တဲ့ ပြဿနာပဲဖြစ်ပါတယ်။ နှစ်နိုင်ငံစလုံးမှာ ဖြစ်ပွားရတဲ့ အကြောင်းရင်းတွေက မတူညီပါဘူး။ ဖြေဖို့ အလွန်ကို ခက်ခဲတဲ့ မေးခွန်းပဲဖြစ်ပါတယ်။ မြန်မာအစိုးရ ဖော်ဆောင်နေတဲ့ ငြိမ်းချမ်ရေးဖြစ်စဉ်က ကောင်းမွန်တယ်လို့ ကျွန်တော်ထင်ပါတယ်။ မြန်မာပြည် သူတွေအားလုံး တစ်မိုးအောက်တည်းမှာ စည်းလုံးညီ ညွတ်စွာ နေထိုင်ဖို့လိုပါတယ်” ဟု ပြောသည်။

တွေ့ဆုံမေးမြန်း
စုရည်မွန်၊ ကျော်ထိုက်စိုး
ဓာတ်ပုံ-ကျော်ထိုက်စိုး