လွိုင်ကော် ၁ စက်တင်ဘာ
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် မြန်မာပြည်ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံဆုတောင်းပွဲနှင့် မငြိမ်းချမ်းလို့အဖြစ်ဘူးတေးသီချင်း MTV & ORCHESTRA CONCERT ဖြစ်မြောက်ရေးအတွက် စုပေါင်း ဖန်တီးခဲ့ကြသော ကယားပြည်နယ်မှ လူငယ်အနုပညာရှင်များအားဂုဏ်ပြုပွဲကို စက်တင်ဘာ ၁ ရက် မွန်းလွဲ ၁ နာရီခွဲက ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ( ၁၅-၅-၂၀၁၈ ) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ငြိမ်းချပ်းရေးကော်မရှင်နှင့် ကရင်နီအမျိုးသားတိုး တက်ရေးပါတီ(KNPP)တို့၏ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရေးကော်မတီတို့ ပူးပေါင်းထုတ်ပြန်ကြေညာချက် အပေါ် ကယားပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများမှ အားပေးထောက်ခံကြိုဆိုသည့် ဗွီဒီယိုမှတ်တမ်း ပြသပြီး ခရစ်ယာန်ဘာသာ( အင်္ဂလီကန်အသင်းတော်)မှ ဆရာတော် စတိုင်လိုမှ နှုတ်ခွန်းဆက်အမှာစကား ပြောကြားသည်။
ထို့နောက် ဘာသာပေါင်းစုံ၏ဘာသာရေးအကြီးအကဲများမှ ဆုတောင်းမေတ္တာပို့သကြပြီး ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုမှ “ မငြိမ်းချမ်းလို့မဖြစ်ဘူး ’’ တေးသီချင်း ဖန်တီးသူ၊ ဒါရိုက်တာ၊ အဆိုတော်နှင့်တီးဝိုင်းခေါင်းဆောင်တို့အား တစ်ဦးချင်းဂုဏ်ပြုမှတ်တမ်းလွှာ များကို ပေးအပ်သည်။
ဆက်လက်၍ တေးသီချင်းရေးစပ်သူ သစ်လွင်အောင် မှ တေးသီချင်းဖြစ်ပေါ်လာပုံကို ရှင်းလင်းတင်ပြခြင်း၊ “မငြိမ်းချမ်းလို့မဖြစ်ဘူး’’ တေးသီချင်း MTV အား တင်ဆက်ပြသခြင်း၊ ဒါရိုက်တာကိုမင်းသိုက်မှ ရိုက်ကူးမှုအတွေ့အကြုံများကို ရှင်းလင်းတင်ပြခြင်း၊ “ မငြိမ်းချမ်းလို့မဖြစ်ဘူး ’’ တေးသီချင်း ORCHESTRA ဖြင့်ရိုက်ကူးထားသည့် ဗွီဒီယိုအားတင်ဆက်ပြသခြင်း၊ “ မငြိမ်းချမ်းလို့မဖြစ်ဘူး ’’ တေးသီချင်း ORCHESTRA ဖြင့် ရိုက်ကူးဖန်တီးသူ ဒါရိုက်တာနောင်နောင်(Sun Flower) မှ ရှင်းလင်းတင်ပြခြင်း၊ “ မငြိမ်းချမ်းလို့မဖြစ်ဘူး ’’ တေးသီချင်းအား တေးရေးဆရာမှ NRPC တာဝန်ရှိသူထံပေးအပ်လှူဒါန်းခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခြင်းများဆောင်ရွက်ခဲ့သည်။
ယင်းနောက် ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးနိုင်ငံလင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအင်တုန်းခါးနော်၊ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုတို့မှ ဂုဏ်ပြုအမှာစကားအသီးသီးပြောကြားခဲ့ကြ၍ တေးသံရှင် စောဖိုးခွါးမှ ငြိမ်းချမ်းရေးတေးသီချင်းဖြင့် သီဆိုဖျော်ဖြေခြင်း ၊ ကယားဖူးနှစ်ခြင်းအသင်းတော် ဆရာတော်မှ အပိတ်ဆုတောင်းမေတ္တာပို့သခြင်းနှင့် “ မငြိမ်းချမ်းလို့မဖြစ်ဘူး ’’ တေးသီချင်းအား အဖွဲ့လိုက်သီဆို ဖျော်ဖြေခြင်းများ ဆောင်ရွက်ခဲ့ကြပြီးနောက် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ဘာသာပေါင်းစုံမှဆရာတော်ကြီးများ ၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ၊ ကယားပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးနှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကျော်လင်းမောင်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနမှတာဝန်ရှိသူများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မငြိမ်းချမ်းလို့မဖြစ်ဘူး တေးသီချင်းဖြစ်မြောက်ရေးအတွက် စုပေါင်းပုံဖော်ဖန်တီးခဲ့ကြသော အနုပညာရှင်၊ အတတ်ပညာရှင်များ၊ ဒေသခံပြည်သူများ၊ကျောင်းသား/ကျောင်းသူများနှင့်ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
လွိုင်ကော်သား


