နေပြည်တော် ၉ ဇန်နဝါရီ
မြန်မာ့ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ၏ (၂၃)ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲကို ဇန်နဝါရီ ၁၂ ရက် နံနက် ၉ နာရီတွင် ရန်ကုန်မြို့ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲသို့ မီဒီယာများ တက်ရောက်သတင်းရယူနိုင်ရန် ဖိတ်ကြားထားပြီး တက်ရောက်မည့် မီဒီယာများအနေဖြင့် အမည်၊ ရာထူး၊ ဂျာနယ်တိုက်အမည်ကို Letter Head ဖြင့် အယ်ဒီတာလက်မှတ်ရေးထိုး၍ ဇန်နဝါရီ ၁၁ ရက် နောက်ဆုံးထား ပေးပို့ကြရန်၊ သတင်းလာရောက်ယူရာတွင် ရုံးယူနီဖောင်း၊ မြန်မာဝတ်စုံ၊ အင်္ကျီလက်ရှည်နှင့် ဘောင်းဘီရှည်များသာ ဝတ်ဆင်ကြရန်နှင့် မီဒီယာ ID ကတ် (သို့မဟုတ်) မှတ်ပုံတင်မူရင်းများ ယူဆောင်လာကြရန် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) က ဖိတ်ကြားစာတွင် ရေးသားဖော်ပြထားသည်။
မောင်မောင်မျိုး