မန္တလေး ၉ ဇန်နဝါရီ

မြန်မာ့ရှေးမူစစ်စစ် အငြိမ့်သဘင်အနုပညာကို ပြန်လည်ဖော်ထုတ်ခံစားလိုသည့် မြတ်နိုးမှု သပ်သပ်ဖြင့် စီစဉ်သည့် “ငွေလကြယ်စင် အငြိမ့်ဂန္တဝင်” ပွဲတော်ကို ဇန်နဝါရီ ၁၉ ရက်တွင် ကပြဖျော်ဖြေမည်ဖြစ်သည်။

“ငွေလကြယ်စင် အငြိမ့်ဂန္တဝင်”ပွဲတော်ကို ညနေ ၆ နာရီမှ ည ၁၁ နာရီအထိ မန္တလေးမြို့ အမျိုးသား ကဇာတ်ရုံတွင်  ဝင်ကြေး အခမဲ့ဖြင့် ကပြဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။

‘မြန်မာ့ရှေးမူစင်စစ် အငြိမ့်သဘင်အနုပညာကို ပြန်လည်ဖော်ထုတ်ညွှန်း ဆိုလိုတဲ့ရည်ရွယ်ချက်နဲ့ ဆောင်ရွက်တာပါ။ အရင်က ပန်တျာဌေးဌေးမြင့်၊ ပန်တျာမြင့်မြင့်သန်း တို့ကခဲ့တဲ့ ရှေးရှေးတုန်းက လက်ဟန်ခြေဟန်၊ ကဟန်၊ ဆိုဟန်တွေကို ခေတ်လူငယ်တွေ ပြန်တွေ့အောင်လို့ ခုခေတ် မျိုးဆက်သစ်ကိုပြချင်လို့ ဆောင်ရွက်တာပါ’ဟု “ငွေလကြယ်စင်အငြိမ့်ဂန္တဝင်” ပွဲတော် ဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ကိုထွန်းထွန်းကပြောသည်။

အဆိုပါပွဲတော်တွင် အငြိမ့်မင်းသမီး ဝင်းသပြေထွန်း၊ ရွှေမန်းသူမြင့်မြင့်သန်း၊ ပန်တျာဌေးဌေးမြင့်၊ လူရွှင်တော် ထင်ပေါ်၊ ထင်ကျော်၊ တက်တိုး၊ ပစ်တိုင်းထောင် ဆိုင်းအဖွဲ့တို့ ပါဝင်ဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။

အိမို့မို့ခိုင်

 

mdn