မိုင်းယု ၁၈ မတ် 

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယုမြို့ ဝမ်တာကြန့်ကျေးရွာအုပ်စု၊ ဝမ်တာကြန့် ကျေးရွာအနီးနှင့် ဝမ်ပေါ့ကျေးရွာအနီးတွင် ပြောင်းရွေ့နေထိုင်ကြသော မြန်မာရွှေ့ ပြောင်းလုပ်သား ပြည်သူများအား ငှက်ဖျားရောဂါကာကွယ်နိုင်ရန်ရည်ရွယ်လျက် ယနေ့နံနက်ပိုင်းက ကျန်းမာရေးဦးစီးဌာနမှ တာရှည်ခံဆေးစိမ်ခြင်ထောင်များအခမဲ့ဖြန့်ဝေပေးခဲ့သည်။

 

002

 

အဆိုပါ ဆေးစိမ်ခြင်ထောင်များဖြန့်ဝေရာသို့ ဝမ်တာကြန့်ကျေးရွာအုပ်စု၊ ဝမ်တာကြန့်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်ဖြူဖြူဝင်းနှင့် ကျေးလက်ကျန်းမာရေးဝန်ထမ်းများက ဆေးစိမ်ခြင်ထောင်များအသုံးပြုနည်း၊ ငှက်ဖျားရောဂါကြိုတင်ကာကွယ်ရေးနည်းလမ်းများကို အသိပညာပေး ပြောကြားခြင်းနှင့် ပြောင်းရွှေ့လုပ်သားတစ်ဦးလျှင်  ဆေးစိမ်ခြင်ထောင် တစ်လုံးနှုန်းဖြင့် စုစုပေါင်း (၁၇၆)ဦး ကို အခမဲ့ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း သိရသည်။

ကိုကိုနိုင်(မိုင်းယု)