မြန်မာ့ရိုးရာ မြေထည်လက်မှုပစ္စည်း ဆီမီးခွက်လေးများ သီတင်းကျွတ်ပွဲတော်အခါ အရောင်းသွက်

တောင်တွင်းကြီး   ၁၁    အောက်တိုဘာ

 

ဆီမီးခွက်လေးများသည် သီတင်းကျွတ်ဆီမီးပူဇော်ပွဲ၊ တန်ဆောင်တိုင် မီးထွန်းပွဲများအတွက် ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့ နှစ်စဉ်ဝယ်ယူကြလေ့ရှိပြီး ရိုးရာမပျက် ဆီးမီး၊ ဖယောင်းတိုင်မီးများ ထွန်းညှိပူဇော်ကြရာ ယခုကဲ့သို့ အညာဒေသအခေါ် သီတင်းကျွတ်ပွဲတော်အခါဈေး နေ့များ၌ အရောင်းရဆုံး ပစ္စည်းတစ်ခုဖြစ်သည်။

 

3

 

ဆီမီးပူဇော်ရန် အရောင်အသွေးစုံ၊ အရွယ်အစားအမျိုးမျိုးဖြင့် ပြည်တွင်း ပြည်ပမှ ထုတ်လုပ်ရောင်းချနေသော ခေတ်မီဆီမီးခွက်များ ပြည်တွင်းဈေးကွက်မှာ နေရာယူရောင်းချနေကြသော်လည်း မြန်မာ့ရိုးရာ မြေထည်ဆီမီးခွက်လေးများလောက် လူသုံးမများကြောင်း ကြား သိရသည်။

 

တောင်တွင်းကြီးမြို့၏ မြို့မဈေးအတွင်းက အိုးတန်းတွင် ဒေသထွက် ဆီးမီးခွက်များရောင်းချသည့်ဆိုင် ၅ ဆိုင်ခန့်ရှိပြီး ပုံစံတူဆီမီးခွက်လေးများရောင်းချနေကြသည့် အနီးဆုံးဆိုင်တစ်ခုဖြစ်တဲ့ သြဇာပန်း ပန်းအိုးအရောင်းဆိုင်ကို ဆီမီးခွက်ဈေးနှုန်း မေးမြန်းကြည့်ရာ ဆိုင်ပိုင်ရှင် ကိုတင်ထွန်းအောင်က သူ့ဆိုင်ကဆီမီးခွက်တွေကို ၁၀ ခွက်ကို ၂၀ဝ ကျပ်၊ ခွက် ၁၀ဝဝ ကို ၁၈၀ဝဝ ကျပ်၊ မီးစာ အပင် ၂၀ ပါတစ်စည်းကို ၈၀ ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာရောင်းချပေးနေကြောင်း ပြောကြားချက်အရ သိရသည်။

                                

MDN