တံတားဦး ဇွန် ၃

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ရန်ပုံငွေဖြင့် မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု မြန်မာ့ရိုးရာမုန့်လုပ်နည်းသင်တန်းကို ဇွန် ၁ ရက်မှ ဇွန် ၁၀ ရက်ထိ သင်တန်းကာလ ၁၀ ရက်ကြာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

 

သင်တန်းတွင် ဆနွင်းမကင်း၊ စိန်ဖေကြီး၊ ထိုးမုန့်၊ ကျောက်ကျော၊ ပူတင်းစသည့် မြန်မာ့ရိုးရာ မုန့်လုပ်နည်းများ သင်ကြားပို့ချလျက်ရှိသည်။

 

အဆိုပါမြန်မာ့ရိုးရာ မုန့်လုပ်နည်းသင်တန်းသို့ တံတားဦးမြို့နယ်အတွင်းရှိ ကျေးလက်ဒေသများမှ သင်တန်းသူစုစုပေါင်း ၁၀ ဦး တက်ရောက်ကြပြီး တက်ရောက်သင်ကြားသူအားလုံး မြန်မာ့ရိုးရာမုန့်လုပ်နည်းများကို ကျွမ်းကျင်စွာ တတ်မြောက်သွားမည်ဖြစ်၍ ကျေးရွာရှိ အလှူပွဲ၊ မင်္ဂလာပွဲ အခမ်းအနားများတွင် ပြုလုပ်ပေးနိုင်ခြင်း၊ တစ်ပိုင်တစ်နိုင်စီးပွားဖြစ်ရောင်းချနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း တံတားဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦစီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရသည်။

 

မင်းမြင့်မိုရ်(ကျေးလက်)