မန္တလေး ၂၀ ဒီဇင်ဘာ
မန္တလေးမြို့၊ မင်္ဂလာမန္တလေးတွင် စတုတ္ထအကြိမ်မြောက် အသေးစားစက်မှုလက်မှုနှင့် မြန်မာ့ရိုးရာ ပန်း(၁၀)မျိုး လက်မှုအနုပညာပစ္စည်းများ ထုတ်ကုန်ပစ္စည်းပြပွဲနှင့် ဈေးရောင်းပွဲကို ဒီဇင်ဘာ ၂၀ ရက် မှ ၂၂ ရက်အထိ (၃)ရက်ကြာ ကျင်းပသွားမည်ဖြစ်ရာ အဆိုပါ ပြပွဲတွင် မြန်မာ့ရိုးရာပန်းဆယ်မျိုးလက်မှု အနုပညာပစ္စည်းများ တစ်နေတည်းတွင် စုံစုံလ င်လင်လာရောက်လေ့လာနိုင်ကြောင်း သိရသည်။
အဆိုပါပြပွဲတွင် မြန်မာ့ရိုးရာ ပန်းဆယ်မျိုးလက်မှုအနုပညာများဖြစ်သော ပန်းချီ၊ပန်းပု၊ ပန်းပဲ၊ ပန်းရံ၊ ပန်းထိမ်၊ ပန်းပွတ်၊ ပန်းတဉ်း၊ပန်းတော့၊ပန်းတမော့နှင့် ပန်းယွန်းအစရှိသော မြန်မာ့ရိုးရာ လက်မှုအနုပညာပစ္စည်းများ စုံစုံလင်လင် ခင်းကျင်းပြသထားပြီး မည်သူမဆိုအခမဲ့ လာရောက် လေ့လာနိုင်သည်။
ဒီပန်းဆယ်မျိုး လက်မှုအနုပညာများကို တစ်နေရာတည်းမှာ မြင်ရ၊လေ့လာရတာ အရမ်းကို သဘောကျ ပါတယ်၊ တစ်ချို့လက်မှုပညာ ပစ္စည်းထုတ်လုပ်ပုံအဆင့်ဆင့် ခင်းကျင်းပြသထားတာလည်း တွေ့ရပါတယ်၊ အရမ်းကောင်းပါတယ်၊တခြားဒေသထွက်ကုန်တွေလည်း တွေ့ရတယ်၊ ခုလိုမြန်မာလူမျိုးတွေရဲ့ ပန်းဆယ်မျိုး လက်မှုအနုပညာပစ္စည်းတွေကို တစ်နေရာတည်းမှာ လေ့လာခွင့်ရတာ အရမ်းလည်း ဂုဏ်ယူပါတယ်၊ လာရောက် လေ့လာ သူတစ်ဦးက ပြောကြားသည်။
အဆိုပါပြပွဲတွင် မြန်မာ့ရိုးရာလက်မှုအနုပညာပန်းဆယ်မျိုးပစ္စည်းများအပြင် စားသောက်ကုန် ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ အလှကုန်ပစ္စည်းများနှင့် အခြားဒေသထွက်ကုန် ပစ္စည်းများ စုစုပေါင်း ပြခန်း (၁၂၅)ခန်း ဖြင့် စည်ကားသိုက်မြိုက်စွာ ခင်းကျင်းပြသရောင်းချလျက်ရှိရာ မည်သူမဆို လာရောက် လေ့လာဝယ်ယူနိုင်ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)