တောင်ကြီး  ၃  ဖေဖော်ဝါရီ

 

၂၀၂၀ ပြည့်နှစ် မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံးဟောင်းတွင် ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က စုပေါင်းထမနဲထိုးပွဲကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး စုပေါင်းထမနဲ ထိုးနေမှုကို လိုက်လံကြည့်ရှုအားပေးကာ ဧည့်ပရိသတ်များကို ထမနဲထုပ်များ ပေးဝေခဲ့သည်။

 

အဆိုပါ စုပေါင်းထမနဲထိုးပွဲတွင် ဌာနဆိုင်ရာ (၁၄)ခုမှ ထမနဲထိုး၍ တောင်ကြီးမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများသို့ ဆက်ကပ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)