ချောင်းဆုံ  ၂၆  စက်တင်ဘာ

 

မွန်ပြည်နယ်၊ ချောင်းဆုံမြို့ မဟာကန်တော်ကြီးတွင် (ဒုတိယအကြိမ်)မြောက် မြန်မာ့ရိုးရာလှေလှော် ပြိုင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁၂ နာရီခွဲက မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

 

အစည်းအဝေးတွင် ကျင်းပရေးဦးစီးကော်မတီဉက္ကဋ္ဌ ဦးထွန်းအောင်ကျော်က ပြိုင်ပွဲကို စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေး၊ မိမိလုပ်ငန်းတာဝန်များကို စနစ်တကျ လုပ်ဆောင်နိုင်ရေး စသည့်တို့ကို ပြောကြားပြီး သက်ဆိုင်ရာ လုပ်ငန်းအလိုက် ကော်မတီဝင်များက ကဏ္ဍတစ်ခုခြင်းစီ တင်ပြဆွေးနွေးခြင်း၊ ပြိုင်ပွဲကျင်းပမည့် ရက်သတ်မှတ်ခြင်း၊ ပြိုင်ပွဲအမျိုးအစား ခွဲခြားခြင်း စသည့် လုပ်ငန်းများအား ဆွေးနွေးခဲ့ကြသည်။

 

အဆိုပါပြိုင်ပွဲကို အလွတ်တန်းပြိုင်ပွဲတွင် အသက်(၅၅)နှစ်အထိ၊ လူသစ်တန်းပြိုင်ပွဲကို (၃၅)နှစ်ထိ သတ်မှတ်ထားပြီး ပြိုင်ပွဲဝင် အမျိုးအစားမှာ (၂)တက်လှော်၊ (၃)တက်လှော် စသည်ပြိုင်ပွဲများဖြင့် ကျင်းပသွားမည် ဖြစ်သည်။

 

ပြိုင်ပွဲဝင်လျှောက်လွှာကို အောက်တိုဘာ ၂ ရက်မှ ၁၈ ရက်အထိ မြို့နယ် အား/ကာရုံတွင် လျှောက်ထားနိုင် ပြီး ပြိုင်ပွဲကို အောက်တိုဘာ ၂၅ ရက်မှ ၂၉ ရက်အထိ ငါးရက်ကြာ စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း မြို့နယ်ပြန်/ဆက်မှ  သိရသည်။

 

MDN

 

1