မြန်မာ့ရိုးရာမဟာသင်္ကြန် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုရေကစားမဏ္ဍပ် ပိတ်ပွဲအခမ်းအနား ကျင်းပ၊ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာ နှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ခဲ့

နေပြည်တော် ဧပြီ ၁၆

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုရေကစားမဏ္ဍပ် ပိတ်ပွဲအခမ်းအနားကို ယနေ့သင်္ကြန်အတက်နေ့ နေ့လယ်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်၊ ရေ၊ လေ) ဗိုလ်ချူပ်ကြီး မောင်မောင်အေးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်နှင့် ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊  ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ယိမ်းအဖွဲ့များ တက်ရောက်ကြပြီး ရေကစားမဏ္ဍပ်တွင် အနုပညာရှင်များ၊ တေးသံရှင်များနှင့် ယိမ်းအကအဖွဲ့များ၏ တေးသီချင်းများဖြင့် ကပြသီဆိုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြပြီး အနုပညာရှင်များနှင့် ယိမ်းအကအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် ပိတ်ပွဲအခမ်းအနားကျင်းပရာ အနုပညာရှင်များ၊ တေးသံရှင်များနှင့် ယိမ်းအဖွဲ့များက မန်းတောင်ရိပ်ခိုသီချင်းဖြင့် သီဆိုကပြဖျော်ဖြေကြရာ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မာင်အေးသည် ပိတ်ပွဲအခမ်းအနားကို တက်ရောက်လာကြသူများနှင့်အတူ ယိမ်းအဖွဲ့များအား အတာရေများဖြင့် အေးချမ်းပျော်ရွှင်စွာ ပက်ဖျန်းပေးကြပြီး မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုရေကစားမဏ္ဍပ်အား အောင်မြင်စွာ ပိတ်သိမ်းခဲ့သည်။

ယနေ့သည် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အတက်နေ့ဖြစ်သည်နှင့်အညီ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ရေကစားမဏ္ဍပ်များ၊ ခေတ်နှင့်အညီ ထည့်သွင်းကျင်းပလျက်ရှိသော နေပြည်တော်လမ်းလျှောက်သင်္ကြန်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) ဝန်းအတွင်းရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုရေကစားမဏ္ဍပ်၊ စိန်ပန်းမိသားစုရေကစားမဏ္ဍပ်၊ မန်ကျည်းရိပ်မိသားစုရေကစားမဏ္ဍပ်အပါအဝင် အခြားသောတိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရေကစားမဏ္ဍပ်များတွင်လည်း ရေပက်ခံသူများ၊ ရေပက်ကစားသူများဖြင့် ပျော်ရွှင်စည်ကားစွာ ရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲကြပြီး မိသားစုသင်္ကြန် ယိမ်းအကအဖွဲ့များ၊ အနုပညာရှင်များနှင့် တေးသံရှင်များက တေးသီချင်းများ၊ ယိမ်းအကများဖြင့် သီဆိုကပြဖျော်ဖြေမှုများနှင့်အတူ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ သင်္ကြန်ချစ်သူ ပြည်သူများက အတာရေသဘင်ပွဲတော်အား အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်