မြန်မာ့ရိုးရာမဟာသင်္ကြန် ယိမ်းပြိုင်ပွဲများ ဆုချီးမြှင့်ပွဲ ကျင်းပ

ဘုတ်ပြင်း ၁၇ ဧပြီ


 
ဘုတ်ပြင်းမြို့  မြန်မာ့ရိုးရာမဟာသင်္ကြန် ပုလဲရွှေရည် ဗဟိုမဏ္ဍပ်ပိတ်ပွဲနှင့် သင်္ကြန်ယိမ်းပြိုင်ပွဲများ ဆုများချီးမြှင့်ခြင်းကို မဟာသင်္ကြန်အတက်နေ့  ဧပြီ ၁၆ ရက် ညပိုင်းက တပင်ရွှေထီးလမ်းရှိ ပုလဲရွှေရည် ဗဟိုမဏ္ဍပ်၌ကျင်းပခဲ့ကြောင်း သိရသည်။

 

ု

 


ဆုပေးပွဲအခမ်းအနားတွင် ပါဝင်ယှဉ်ပြိုင်ကြသည့် ရပ်ကွက်/ကျေးရွာနှင့် တပ်ရင်း တပ်ဖွဲ့များမှ ယိမ်းအသင်း(၈)က ပြန်လည်ဖျော်ဖြေကြပြီး ပထမဆုရရှိသည့် အောင်မင်္ဂလာ ရပ်ကွက် ကိုယ်စားပြု အေးချမ်းသာယိမ်းအဖွဲ့ကိုလည်းကောင်း၊ ဒုတိယဆုရသည့် ရွှေဘုံသာ ရပ်ကွက်ကိုယ်စားပြု ပိတောက်ဝါ ယိမ်းအဖွဲ့ကိုလည်းကောင်း၊ တတိယဆုရသည့် အောင်မင်္ဂလာ ရပ်ကွက်ကိုယ်စားပြု မြို့မင်္ဂလာယိမ်းအဖွဲ့နှင့် နှစ်သိမ့်ဆုရှိသည့် ယိမ်းအသင်းများကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊  ဦးခင်မျိုးဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်း၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မျိုးအောင်နှင့် ဘုတ်ပြင်းမြို့နယ် မြို့နယ်မဟာ သင်္ကြန်အခမ်းအနား ကျင်းပရေးကော်မတီအဖွဲ့များက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ပေးခဲ့ကြသည်။

 

သ

 

ယင်းနောက် အခမ်းအနားတက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ဧည့်ပရိပ်သတ်များနှင့်ယိမ်း အဖွဲ့များက မန်းတောင်ရိပ်ခိုသီချင်းဖြင့် သီဆိုကပြကာ ပျော်ရွှင်စွာပိတ်သိမ်းခဲ့ကြောင်း သိရသည်။


 
ဘုတ်ပြင်း (ပြန်/ဆက်)

 

ု