မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကာလတွင် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ အထင်ကရနေရာများဖြစ်သော ထီးပွင့်ကန်တော်နှင့် ငွေတောင်ဆည်တို့၌ လာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိ

ဒီးမော့ဆို  ၁၆ ဧပြီ

 

မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အတတ်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်ရှိ အထင်ကရ နေရာများဖြစ်သော သမိုင်းဝင်ထီးပွင့်ကန်တော်နှင့် ငွေတောင်ဆည်တို့၌ ရပ်ဝေးရပ်နီးမှ ဘုရားဖူးလာရောက် လည်ပတ်သူများဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။

 

mdn

 

ဒီးမော့ဆိုမြို့နယ်၏ လာရောက်လည်ပတ်မှု အများဆုံးဖြစ်သည့် သမိုင်းဝင် ထီးပွင့်ကန်တော်နှင့် ငွေတောင်ဆည်တို့၌ လည်ပတ်အပန်းဖြေသူများသည် ဆင်အပျော်တမ်းစီးခြင်း၊ ရေကစားခြင်း၊ တိုင်းရင်းသားရိုးရာပစ္စည်းများ အစားအသောက်များ ဝယ်ယူစားသောက်ခြင်း၊ အမှတ်တရ ဓါတ်ပုံရိုက်ကူးခြင်းတို့ဖြင့် စည်ကားများပြားလျက်ရှိပြီး မြို့နယ်အတွင်းရှိ ကန်ခုနှစ်ဆင့်၊ ကွိုင်ငံရေထွက်ပေါက် စသည့်နေရာများတွင်လည်း ရေကစားသူများ၊   လည်ပတ်အပန်းဖြေသူများဖြင့် စည်ကားများပြားလျက်ရှိသည်ကို တွေ့ရှိရကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ သိရသည်။

 

MDN

 

mdn

 

mdn