အေဝမ်းကြည်အေးနှင့် ရုပ်ရှင်စကားဝိုင်း
------------------------------------------------
တွေ့ဆုံမေးမြန်း
ဒါရိုက်တာ ကြည်စိုးထွန်း
ကျွန်တော်ဟာ ဆက်တိုက်လိုလိုပဲ အေဝမ်းရုပ်ရှင်ကုမ္ပဏီအကြောင်းကို ပြောလာခဲ့ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ကြီးမားတဲ့ရုပ်ရှင်ကုမ္ပဏီကြီးနှစ်ခု ရှိပါတယ်။ ဒီရုပ်ရှင်ကုမ္ပဏီကြီးနှစ်ခုရဲ့ အရိပ်အာဝါသအောက်က ဒီနေ့အထိကျွန်တော်တို့ဟာ မလွတ်နိုင်ဘူး ဆိုရပါလိမ့်မယ်။
ဘာကြောင့်လဲဆိုတော့ ကုမ္ပဏီကြီးနှစ်ခုက ပညာတွေ၊ အတွေ့အကြုံတွေ၊ ပစ္စည်းတွေကို အရင်းအနှီး ပြုပြီးတော့ ရုပ်ရှင်ပညာကို တတ်မြောက်လာခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီကုမ္ပဏီကြီးနှစ်ခုကတော့ အေဝမ်းရုပ်ရှင်ကုမ္ပဏီနဲ့ ဗြိတိသျှဘားမားရုပ်ရှင်ကုမ္ပဏီပဲ ဖြစ်ပါတယ်။ ဒီနေ့လှုပ်ရှားနေတဲ့ ရုပ်ရှင်လောကသားတွေကိုကြည့်ရင် ဒီကုမ္ပဏီကြီးတွေရဲ့ ဩဇာသက်ရောက်မှု မကင်းတာကိုလည်း ကျွန်တော်တို့တွေ့ရပါတယ်။ ဒါကြောင့်လည်း ကျွန်တော်ဟာ ဒီကုမ္ပဏီကြီးနှစ်ခုရဲ့ ကျေးဇူးကိုဆပ်တဲ့အနေနဲ့ ဒီကုမ္ပဏီကြီးနှစ်ခုရဲ့အကြောင်းကို ကျွန်တော်တင်ပြနေခြင်း ဖြစ်ပါတယ်။
(၂၅-၅-၂၀၂၀ ရက်နေ့မှ အဆက်)
ကြည်စိုးထွန်း။ ။ ဪ အမျိုးတွေ။
အေဝမ်းကြည်အေး။ ။ ဆက်ပြီးတော့
အဲဒီမှာ ဦးတင်နွယ် နဲ့ ဒေါ်မိမိကြီးတို့၊ မောင်လှမျိုးတို့၊ ဦးမြင့်စိုး တို့ အဖေကိုသွားခေါ်တယ်။ သွားခေါ်စမ်းကွာ ဆိုတော့ အဘိုးကြီးက ရောက်လာတယ်။ စွပ်ကျယ်လက်ပြတ်လေးနဲ့ ရောက်လာတော့ ဒါငါ့တူတော်တယ်တဲ့၊ ငါ့မြေးတော်တယ်တဲ့ အဲဒီတော့ မင်းအလုပ်ခန့်ကွာဆိုတော့ ရတယ်အဖေကြီးတဲ့ဆိုတော့ လခကိုးဆယ်နဲ့ ကျွန်တော်။
ကြည်စိုးထွန်း။ ။ ဪမနည်းဘူးပေါ့။
အေဝမ်းကြည်အေး။ ။နောက်ပြီး တော့
အေဝမ်းက ထွက် ပြီး ဒါရိုက်တာဖြစ်တဲ့အထိလည်း ကိုးဆယ် ပဲ။
ကြည်စိုးထွန်း။ ။ ကိုးဆယ် မနည်းပါ
ဘူး အဲဒီတုန်းက။
အေဝမ်းကြည်အေး။ ။ မနည်းဘူး အရင်
ခေတ်က။ အဲဒီလို ခန့်ပြီး အေဝမ်းရောက်သွားတာ။
ကြည်စိုးထွန်း။ ။ ရောက်သွား တဲ့
အခါ ကျတော့ ဦးလေး အန္တေဝါသိက ဆရာအနေနဲ့ ဘယ်သူ ဖြစ်သွားလဲ။
အေဝမ်းကြည်အေး။ ။ အန္တေဝါသိက
ဆရာက ဦးတင် မောင် ဖြစ်သွားတယ်။
ကြည်စိုးထွန်း။ ။ ဪ အေဝမ်း ဦးတင်မောင် ပေါ့ နော်။
အေဝမ်းကြည်အေး။ ။ ကျွန်တော်က
ပထမ အဆိုကို သဘောပေါက်တော့ သူလည်း အဆိုတော် မဟုတ်လား။ ကျွန်တော့်ကို တပည့်အရင်း မွေးလိုက်ရော။ မွေးပြီးတော့ သူ့ကားထဲမှာ ပါတဲ့ သီချင်းတွေကို ကျွန်တော်က အရင် ကျက်ရတယ်။ ကျက်ပြီး သူ့ကိုပြန်ချပေး ရတယ်။
ကြည်စိုးထွန်း။ ။ ဪ အဲဒီလို
လုပ်ပေးရတာ။
အေဝမ်းကြည်အေး။ ။ နောက် တော့
ကျွန်တော့်ကို မှတ် တမ်းလိုက်ရေးခိုင်းတယ်။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။
အေဝမ်းကြည်အေး။ ။ ကျွန်တော်က အဲဒီ
တုန်းက တလွဲ ထင်လိုက်မိတယ်။ ဟာ သူဌေးကြီးကကွာ တို့ကို အလုပ်အားနေတာ မကြည့်ချင်လို့ လျှောက် ခိုင်းတယ် ထင်တယ်လို့။ အဲဒီတုန်းက ကျွန်တော်တို့က Dubbing မပေါ်သေးဘူး။
ကြည်စိုးထွန်း။ ။ Dubbing မပေါ်သေး
ဘူး။ Single System ထင်တယ်။
အေဝမ်းကြည်အေး။ ။ အသံ သွင်းတယ်
ဆိုရင် ထရော်လီ ပေါ်ကို စန္ဒရားတင်၊ နောက်က ဗုံ၊ တယောက လိုက်ထိုး၊ နောက် မိုက်ကရိုဖုန်းဆိုတာက တစ်လုံး။
ကြည်စိုးထွန်း။ ။ ကားရိုက်နေတုန်းမှာ
တစ်ခါတည်းသွင်းရ တာလား။
အေဝမ်းကြည်အေး။ ။ ဟုတ်တယ် ကားရိုက်
နေတုန်းမှာ တစ်ခါ တည်း သွင်းရတာ၊ Playback မရိုက်ဘူး။
ကြည်စိုးထွန်း။ ။ Single System
ဆိုတော့ အသံရော၊ ရုပ်ရော တစ်ခါတည်း။
အေဝမ်းကြည်အေး။ ။ အသံရော၊ ရုပ်ရော
တစ်ခါတည်း၊ ပြီးတာ နဲ့ ဖြတ်ထည့်ရင်ရတယ်။
ကြည်စိုးထွန်း။ ။ အဲဒီတော့ နောက်မှ
ပိုးလို့မရဘူး။
အေဝမ်းကြည်အေး။ ။ မရဘူး။
ကြည်စိုးထွန်း။ ။ မရတော့ တစ်ခါ
တည်း ဥပမာဆိုပါ တော့ ဦးလေးက ဆိုမယ်ဆိုရင် ကျွန်တော်တို့ တီးဝိုင်းအဖွဲ့ကနေပြီးတော့ ထရော်လီကြီးနဲ့ တွန်းပြီးတော့ တိုက်ရိုက်ဆိုပဲ။
အေဝမ်းကြည်အေး။ ။ တိုက်ရိုက်ဆို၊ တိုက်
ရိုက်တီးပဲ၊ အသံ လည်း အခုခေတ်လို ကီးမရလို့ ချိန်ပေးတာ မရှိဘူး။ ရေးလာတဲ့လူ အသံအတိုင်းပဲ။
ကြည်စိုးထွန်း။ ။ အမှားမခံဘူး။
အေဝမ်းကြည်အေး။ ။ အမှားမခံဘူး၊ မမှား
လည်း မမှားကြဘူးဗျ။
ကြည်စိုးထွန်း။ ။ ဒါပေမယ့် ရီဟာဇယ်
ကတော့ အများကြီး လုပ်ထားမှာပေါ့။
အေဝမ်းကြည်အေး။ ။ လုပ်ရတာပေါ့၊ တိုက်
ရတာပေါ့။
ကြည်စိုးထွန်း။ ။ ကျွန်တော် ဒေါ်မြင့်
မြင့်ခင်ဆီက ကြားဖူး တယ်။ ချစ်ဆိပ်ရည် သီချင်းကို သူရယ်၊ အေဝမ်း ခင်မောင်ရယ် အဲဒီလိုတီးရတယ်ဆိုတဲ့ အကြောင်းလေး။ အင်မတန်စိတ်ဝင်စားစရာ ကောင်းတယ်။ အခုဦးလေးပြောတော့ ကင်မရာ နောက်ကို ဒီထရော်လီကြီးနဲ့ လိုက်နေရပြီး အဲဒီမှာ တယောဆရာက။
အေဝမ်းကြည်အေး။ ။ တယောဆရာက
နောက်ကလိုက်တာ။
ကြည်စိုးထွန်း။ ။ တယောဆရာက
တော့ ထရော်လီပေါ် မတက်ရဘူးလား။
အေဝမ်းကြည်အေး။ ။ မတက်ရဘူး၊ သူက
တော့ မတ်တတ် လျှောက်ရတာ၊ ဘေးကနေပြီးတော့။
ကြည်စိုးထွန်း။ ။ ဪ ဦးလေးတို့က ဂီတာဆိုတော့။
အေဝမ်းကြည်အေး။ ။ ကျွန်တော်ကတော့
ဂီတာဆိုတော့ ခုံ လေးနဲ့ပေါ့ ထရော်လီပေါ်မှာ။ ဗုံသမားကလည်း အဲဒီပေါ်မှာပဲ။
ကြည်စိုးထွန်း။ ။ ဒါကတော့ ထူးခြား
တာပဲနော် ဦးလေး။ ဒါ Single System ဆိုတာကတော့ အသံထွက် အစပေါ့နော် ဦးလေး။
အေဝမ်းကြည်အေး။ ။ ဟုတ်ပါတယ် အဲဒီ
တော့ ဖရိန်တစ်ခုကို ၂၁ ကွက်ရှိတယ်။
ကြည်စိုးထွန်း။ ။ ဪ ၂၄ မဟုတ်
ဘူးလား။
အေဝမ်းကြည်အေး။ ။ ၂၁ ကွက်။
ကြည်စိုးထွန်း။ ။ ဪ Advance
လုပ်တာ အသံနဲ့ ရုပ်နဲ့။
အေဝမ်းကြည်အေး။ ။ ပရိုဂျက်တာက
အကွာ အဝေးကို တိုင်းတာ။
ကြည်စိုးထွန်း။ ။ ဦးလေးရယ်၊
ကျွန်တော် တစ်လော က ဘာသွားကြည့်ရလဲဆိုတော့ ချစ်သက်ဝေ ဆိုတဲ့ကား သွားကြည့်ရတယ်။
အေဝမ်းကြည်အေး။ ။ ဪ ချစ်သက်ဝေ
ကျွန်တော့်ဆရာ။
ကြည်စိုးထွန်း။ ။ ချစ်သက်ဝေမှာ
ဦးလေးက ဒုတိယ မင်းသားလောက် ပါတာပဲ။
အေဝမ်းကြည်အေး။ ။ တော်တော်များတယ်။
ကြည်စိုးထွန်း။ ။ တော်တော် များတယ်
နော်။
အေဝမ်းကြည်အေး။ ။ အောင်သန်း။
ကြည်စိုးထွန်း။ ။ ကိုအောင်သန်း
ခေါ်မှာ ပေါ့နော် ဦးလေးရဲ့။
အေဝမ်းကြည်အေး။ ။ ကျွန်တော့် တပည့်ပဲ။
ကြည်စိုးထွန်း။ ။ သူကလည်း Script
ရေးရတာ။
အေဝမ်းကြည်အေး။ ။ သူက ဘာမှ မဆို
တတ်၊ မတီးတတ်ဘူး။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့ မှတ်တမ်း
ရေးရတာလား။
အေဝမ်းကြည်အေး။ ။ ဪ နောက်မှ
လိုက်ရေးတာ ကျွန် တော်တို့ မရှိတော့မှ နောက်တော့ဒါရိုက်တာ အောင်သန်း ဖြစ်သွားတယ်။ အခုနက ကျွန်တော်ဆရာ့ကို တင်ပြထားတဲ့ မဉ္ဇူနဲ့ သူက တွဲပြီးတော့ ဒါရိုက်တာ ဖြစ်တာ။
ကြည်စိုးထွန်း။ ။ အဲဒီတော့ ဦးလေး
ပထမဆုံး ရုပ်ရှင်မှာ စပြီးလုပ်ခဲ့ရတာ မှတ်တမ်းဖြစ်စေ၊ နောက် ဂီတာဖြစ်စေ တီးရတဲ့ကားက ဘာကား
လဲ။
အေဝမ်းကြည်အေး။ ။ ချစ်မုန်းမာန်။
ကြည်စိုးထွန်း။ ။ ဪ ဦးတင်မောင်
နဲ့။
အေဝမ်းကြည်အေး။ ။ ဦးတင်မောင်၊
ဦးချင်းစိန်၊ မေသစ်၊ ဦးသုခ။
ကြည်စိုးထွန်း။ ။ ဪ ဦးသုခ
ပါသေးတယ်။
အေဝမ်းကြည်အေး။ ။ ဆရာဦးတင်မောင်
ရဲ့ တပည့်အရင်း။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့၊ ဟုတ်ကဲ့
ဟုတ်ပါတယ်။ ဦးသုခက အဲဒီမှာ။
အေဝမ်းကြည်အေး။ ။ ဦးသုခကလည်း
musician အဆို တော်လည်း လုပ်ခဲ့တာကိုး။ ခုနက ပြော သလို သူသီချင်းဆိုတော့မယ်ဆိုရင် ဘာလေး နဲ့ဆိုချင်တယ် မောင်ကြည်အေးရယ် လုပ်ပါ ဆို ဂီတာလေးနဲ့ ကျွန်တော်က လိုက်တီး ပေးရတယ်။ တိုက်ရိုက်ကိုး။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့၊ ဟုတ်ကဲ့။
အေဝမ်းကြည်အေး။ ။ ချစ်မုန်းမာန်ထဲမှာ
ဆို မေသစ်ဆိုတဲ့။
ကြည်+အေဝမ်း။ ။ “ချစ်ပင်ပျိုးလို့
ချစ်မိုးတွေ စွေစွေ ချစ်ရေစင်ပက်ကာဖျန်း ချစ်ပန်းပွင့်ကာ
နေ မေတ္တာတွေ အသင်္ချာအသင်္ချေ ဘယ်လို ပြောင်းသော်လည်း မမုန်းနိုင်ဘူး ချစ်သူရေ”။
ကြည်စိုးထွန်း။ ။ ဟားဟားဟား
ဦးလေး ရသေးတာ ပဲ။ အဲဒီသီချင်းတွေ ကျွန်တော်တို့ သွင်းရ အောင်နော်။ သီချင်းအဟောင်းတွေပေါ့ နော်။ သမန်းကျား ကိုမြင့်တို့ဆီ သွားပြီးတော့ပေါ့။ ဘာပဲဖြစ်ဖြစ် ရတဲ့သူက သိပ်နည်းသွားပြီ။ နောက်ပြီးတော့ တချို့ပေါ့လေ ကျွန်တော်တို့ သက်ရွယ်တန်း တွေကတော့ ကြားဖူးနားဝပဲရှိတယ်။ ဂီတ သမားမဟုတ်တော့လည်း ရမ်းသမ်းဆို နေရတာ။ ခုနက ဦးလေးက ရှေ့ကဆို ကျွန်တော်က နောက်ကနေ ဟင်းဟင်းနဲ့ အဲဒီလိုပေါ့၊ ယောင်ဝါးဆိုရတာ ပေါ့နော်။ အဲဒါက ချစ်မုန်းမာန်ကားထဲမှာ။ နောက် အဲဒီချစ်မုန်းမာန်က ပြန်ရိုက်သေးတယ်။
အေဝမ်းကြည်အေး။ ။ ရိုက်တယ် ဘယ်သူလဲ
မသိဘူးဗျ။ မောင်လှမျိုး လား မသိဘူး ရိုက်တယ်။
ကြည်စိုးထွန်း။ ။ ကောလိပ်ဂျင်နေဝင်း
ရယ်၊ ခင်သန်းနုရယ်။
အေဝမ်းကြည်အေး။ ။ ဒါပေမယ့် ဟိုကားက
အောင်မြင်တယ်။
ကြည်စိုးထွန်း။ ။ အဲဒီတုန်းက ပုံတွေ
တွေ့ဖူးသေးတယ်။ မေသစ်က နှစ်ကိုယ်ခွဲထင်တယ်။ အမေဘဝ ရော ပါတယ်ထင်တယ်။
အေဝမ်းကြည်အေး။ ။ မဟုတ်ဘူး တစ်ကိုယ်
တည်းပဲ။
ကြည်စိုးထွန်း။ ။ တစ်ကိုယ် တည်း
ဆိုလည်း အသက်ကြီး တဲ့အခန်းပါတယ်ထင်တယ်။ ဦးချင်းစိန်ရော ပါတယ်ထင်တယ်။
အေဝမ်းကြည်အေး။ ။ ဟုတ်တယ် ဦးချင်းစိန်
က အဲဒီထဲမှာ အရူး ကြီးလုပ်တာ။ ဦးမြင့်စိုးဇာတ်။
ကြည်စိုးထွန်း။ ။ ဦးမြင့်စိုး (ဘီအေ)
ဟုတ်ကဲ့။ ဟုတ်ကဲ့ ဒဂုန်မြင့်စိုးပေါ့။ အဲဒီကစပြီးတော့ ဦးလေးက အဲဒီထဲမှာ ဂီတာတီးရတာ။
အေဝမ်းကြည်အေး။ ။ အဲဒီကျတော့ ကျွန်
တော်တီးနေပြီ။
ကြည်စိုးထွန်း။ ။ သီချင်းရော စပ်သေး
လား။
အေဝမ်းကြည်အေး။ ။ သီချင်းက ဒီလိုဆရာ
ရဲ့။ ဆရာ့ကို မျိုးဇော် အောင် စာအုပ်လေးပေးလား မသိဘူး။
ကြည်စိုးထွန်း။ ။ ပေးပါတယ်ခင်ဗျ။
အေဝမ်းကြည်အေး။ ။ ဆရာမြို့မငြိမ်းကို
အေဝမ်း ချစ်ပန်းဝေ ရိုက်ဖို့ ဒါရိုက်တာက ဦးညီပု၊ မင်သားက ဦးတင်မောင် ၊ မင်းသမီးက ဒေါ်မေရှင်။
အေဝမ်းကြည်အေး။ ။ချစ်ပန်းဝေ ရိုက်ဖို့
ဆိုပြီး ညဈေးတန်းတွေ ဘာတွေတစ်ခန်းတောင် ရိုက်ပြီးသွားပြီ။ သူတို့ က ညဈေးတန်းဆက်တင်နဲ့ ဆင်လိုက်တာပဲ။ ရိုက်ပြီးသွားတော့ ဆရာမြို့မငြိမ်းကို ခေါ်လာ တာ။ ဆရာက အဲဒီတုန်းက ခေါင်းသိပ်မကောင်း တော့ဘူး။ အေဝမ်း Press က စက္ကူဖြတ်စ ဒီလောက်လေးတွေ (တစ်လက်မခန့်ပြ) အဲဒါ ခါးမှာထိုး၊ ခါးမှာလျှောက်ချိတ် ချိတ်ပြီးတော့မှ စိတ်ကူးရေး၊ ကျွန်တော်က မယ်ဒလင်လေးနဲ့ မှတ်ရတယ်။ ဆရာနဲ့ အတူတူပဲ။ ဆရာက အခု ကိုသိန်းဇော်တို့၊ မေလွင်တို့နေတဲ့အိမ်မှာ ဆရာက နေတာ။
ကြည်စိုးထွန်း။ ။ ဟိုစေတီလေးနဲ့
အိမ်လား။
အေဝမ်းကြည်အေး။ ။ ဟုတ်တယ် ဟုတ်
တယ်၊ အဲဒီမှာနေ တာ။
ကြည်စိုးထွန်း။ ။ ဪ ဟုတ်ပြီ
ဒေါ်မေလွင်နေတဲ့ အိမ်လေးထင်တယ်။
အေဝမ်းကြည်အေး။ ။ ဟုတ်တယ် အခု
ဒေါ်မေလွင်ရယ်၊ သူ့သမီးလေးရယ်နေတယ်။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့၊ ဟုတ်ကဲ့။
အေဝမ်းကြည်အေး။ ။အဲဒီမှာ မှတ်ရတယ်၊
မှတ်ပြီးတော့မှ အဲဒါ ကို ပြန်ပြီးတော့ လုပ်တော့ သီချင်းတစ်ပိုဒ် ပြီးသွားပြီ။ ပြီးပြီးတော့ ဆရာမန္တလေး ပြန်သွားပြီးတော့ လေယာဉ်ပျံကွင်းလမ်းမှာ ကားကြိတ်ခံလိုက်ရတာ။
ကြည်စိုးထွန်း။ ။ ဪ ဟုတ်ကဲ့
ဟုတ်ကဲ့။
အေဝမ်းကြည်အေး။ ။ ဒီမှာကတည်းက
ပြော ပြောနေတယ် ဆရာက၊ ငါ့ခေါင်းကြီး မကောင်းဘူးကွတဲ့ သေသွားချင်တယ်တဲ့။
ကြည်စိုးထွန်း။ ။ဪ ဖြစ်မှဖြစ်ရ
လေ။
အေဝမ်းကြည်အေး။ ။ကားကြိတ်ခံလိုက်
ရတော့ ပွဲချင်းပြီး ပဲ။
ကြည်စိုးထွန်း။ ။ ဦးလေးနဲ့ ဆရာ
မြို့မငြိမ်းက လက် ပွန်းတတီး နေလိုက်ရသေးတာပေါ့။
အေဝမ်းကြည်အေး။ ။ ကျွန်တော် တစ်လ
လောက်နေခဲ့ရတယ်။
ကြည်စိုးထွန်း။ ။ ကျေးဇူး အများ
ကြီး ကြီးတာပဲ။
အေဝမ်းကြည်အေး။ ။ ဟာ ကျွန်တော့်
ဆရာ။ ဆရာ ကောင်းတွေ အများကြီးတွေ့ပါတယ်။
ကြည်စိုးထွန်း။ ။ အဲဒါလည်း ကျွန်
တော်က တစ်ချက် ဂုဏ်ပြုချင်တာပေါ့။ ဘာဂုဏ်ပြုချင်သလဲ ဆိုတော့ အေဝမ်းက ပုဂ္ဂိုလ်ကြီးများပေါ့လေ၊ အေဝမ်းက ပုဂ္ဂိုလ်ကြီးများဆိုတဲ့နေရာမှာ ဦးတင်နွယ်တို့၊ ဦးဘညွန့်ကစပြီးတော့ပေါ့။ ဒီပုဂ္ဂိုလ်ကြီးတွေကနေပြီးတော့ ဂီတသမား တွေကို ထိုက်ထိုက်တန်တန် နေရာပေးခဲ့ တယ် ဦးလေးရဲ့။
အေဝမ်းကြည်အေး။ ။ ပညာပေးတယ်။
နေရာလည်း ပေး တယ်။
ကြည်စိုးထွန်း။ ။ သူတို့ရဲ့ ကား
တစ်ကားမှာဆိုရင် စိန်ဗေဒါကြီးတောင် ခေါ်တီးတာ ကျွန်တော် ကြားဖူးတယ်။ ဆရာမြို့မငြိမ်းဆိုရင်လည်း နေကောင်းသည်ဖြစ်စေ၊ မကောင်းသည် ဖြစ်စေ သူတို့ကတန်ဖိုးထားရမှန်း သိတယ်။ နောက်တစ်ခါ ဝိုင်အမ်ဘီဆရာတင်၊ ဝိုင်အမ် ဘီဆရာတင်လည်း သူတို့ခေါ်ပြီးတော့ ထိုက်ထိုက်တန်တန် ချီးမြှင့်ပြီးတော့ သီချင်းတွေဘာတွေ ရေးခိုင်းတာ ကျွန်တော် ကြားဖူးတာပေါ့။
အေဝမ်းကြည်အေး။ ။ ဟုတ်ပါတယ်။
ရဲတံခွန်တို့ ဘာတို့ ဆိုရင် ဦးဘရှင်ကြီးရိုက်တဲ့ ရဲတံခွန် ကိုကျော် ရွှေ။
(ဆက်လက်ဖော်ပြပါမည်)