ရုပ်ရှင်အတတ်ပညာဖြင့် အမျိုးသမီးများဘဝတိုးတက်မြင့်မားစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၊ ရုပ်ရှင်လောကမှ ကျွမ်းကျင်ပညာရှင်များ၊ ဝါရင့်အနုပညာရှင်များနှင့် လူငယ်အနုပညာရှင်များ၏ ပူးပေါင်းပါဝင်ဖြေကြားမှုဖြင့် မြန်မာ့ရုပ်ရှင်လောက၏ ကျား/မ ရေးရာအမြင် ဆန်းစစ်လေ့လာမှုတစ်ရပ်ကို ဒီဇင်ဘာ ၁၆ ရက် (တနင်္ဂနွေနေ့) မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအထိ ရန်ကုန်မြို့ ဗဟန်းမြို့နယ် အမှတ် (၅၀) ရွှေတောင်ကြားလမ်း ရုပ်ရှင်အနုပညာရပ်ဝန်းရှိ “ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ” (Film Development Centre) ၌ ကျင်းပမည်ဖြစ်သည်။
အဆိုပါဆွေးနွေးပွဲကို ပညာအလင်းပွင့် မြန်မာသုတေသနဖောင်ဒေးရှင်း (Enlightened Myanmar Research Foundation) မှ စီစဉ်ကျင်းပခြင်းဖြစ်ပြီး စိတ်ပါဝင်စားသူများ တက်ရောက်လေ့လာနိုင်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)