နေပြည်တော် ၆ ဩဂုတ်

 

မြန်မာ့ရုပ်ရှင်ရာပြည့်ကို ဂုဏ်ပြုသောအားဖြင့် မြန်မာ့ရုပ်ရှင်တေးသီချင်း အပုဒ် (၁၀၀) ကို Emperor တေးဂီတအဖွဲ့နှင့် အခြားတေးဂီတအဖွဲ့များ၊ နိုင်ငံကျော် တေးသံရှင်များ၏ ဖျော်ဖြေမှုများဖြင့် ဩဂုတ် ၇ ရက် သောကြာနေ့မှစတင်၍ အပတ်စဉ် သောကြာနေ့တိုင်း မြန်မာ့ရုပ်မြင်သံကြား (MRTV) ၏ ည (၈)နာရီ သတင်းအစီအစဉ်အပြီးတွင် မြန်မာ့ရုပ်မြင်သံကြား (MRTV) နှင့် MRTV Facebook Page တို့မှ တိုက်ရိုက်ထုတ်လွှင့်ပေးသွားမည် ဖြစ်သည်။

 

ဩဂုတ် ၇ ရက် ဖျော်ဖြေတင်ဆက်မှုတွင် Emperor တေးဂီတအဖွဲ့နှင့်အတူ တေးသံရှင် ဟေမာနေဝင်း၊ R ဇာနည်၊ နေမင်းအိမ်၊ မောင်သိန်းဝင်း၊ စိုးပြည့်သဇင်၊ ချစ်စနိုးဦး၊ ခင်ပိုးပန်းချီ၊ မေ့ချစ်သက်နှင့် မေလသံစဉ်တို့က ဖျော်ဖြေတင်ဆက်ပေးသွားမည်ဖြစ်ပြီး ထုတ်လွှင့်မှုကို ဩဂုတ် ၉ ရက် တနင်္ဂနွေနေ့နံနက် ၁၀ နာရီခွဲတွင် ဒုတိယအကြိမ် ပြန်လည်ထုတ်လွှင့်ပြသပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်