၂၇  ဇူလိုင်

 

အဆိုတော် မနောနှင့်အတူ " မြို့သား နှင့် တောသူ " ဟု အမည်ရသည့် သီချင်းကို သီဆို ခဲ့သည့် အမျိုးသမီး အဆိုရှင် သွန်းက  သူ့၏    (၆) ခွေမြောက် တစ်ကိုယ်တော် ခွေကို ပရိ သတ်ထံ ရောက်ရှိနိုင်ရန် ပြင်ဆင်နေကြောင်း သိရသည်။

 

ပထမဆုံး တစ်ကိုယ်တော် စီးရီးဖြစ်သည့် “ကိုကိုချစ်ဝဲလည် "ကို ဖန်တီးခဲ့သော်လည်း ပရိသတ်အားပေးမှု နည်းပါးခဲ့ပြီး၊ " မြို့သားနှင့် တောသူ" စီးရီးမှသာ ဂီတလောကထဲတွင် ပရိ သတ်လက်ခံအားပေးမှု အများဆုံး ရရှိခဲ့သူတစ်ယောက်ဖြစ်ခဲ့ကြောင်း သိရသည်။

 

" ကိုမနောကြောင့် လို့ပြောရမယ်။ သူနဲ့ ဒီသီချင်းလေးကို ဖန်တီးထားတာကြာပါပြီ၊ ကိုမနောပထမခွေထွက်ကတည်းက ညီမ သူနဲ့အတူ လုပ်ထားတဲ့ စီးရီးခွေလေးပါ။  အခုလို ပရိသတ် လက်ခံအားပေးမူရတော့ အများကြီးပျော်တာပေါ့။ အခုလည်း ကိုယ်ပိုင်သံစဉ်သီချင်း တွေပဲ ပါဝင်တဲ့ " အချစ်နန်းတော် " လို့ အမည်ပေးထားတဲ့ သီချင်းခွေလေး လုပ်နေပါတယ်။ 

 

တေးရေး သဟာအောင်နဲ့  သီဆိုထားတာပါ။ သီချင်းပုံစံလေးတွေကတော့ ရှမ်းရိုးရာ သံစဉ် လေးတွေနဲ့ လုပ်ထားတယ်။ အချစ်သီချင်းပုံစံလေးတွေနဲ့ ပရိသတ်အမောပြေစေမယ့် ဟာသ ပုံစံလေးတွေ သီဆိုထားတယ်။ ပထမခွေနဲ့ ကွားခြားအောင် ဖန်တီးထားပါတယ်"ဟု ထပ်မံ ထွက်ရှိမည့် စီးရီးလေးအကြောင်းကို ပြောကြားခဲ့သည်။ 

 

ဂီတလောကတွင် နေရာတစ်နေရာ ရရှိရန်အတွက် (၁၀) နှစ်ကျော်နီးပါး ကြိုးစားရုန်းကန် ခဲ့ရသည် သူတစ်ယောက်အတွက် ယနေ့အချိန်တွင် ကြိုးစားမူ၏ ရလဒ်များအပေါ် ခံစားရသည့် အကြောင်းနှင့် ပတ်သက်ပြီး  " ဂီတလောကမှာ အတိုင်းအတာတစ်ခုအထိ နေရာ တစ်ခု ရခဲ့တဲ့အတွက် ဝမ်းသာပါတယ်။ ဒီလိုမျိုး ရလာတာလဲ ကိုသဟာအောင်နဲ့ ကိုမနော တို့ကြောင့်ဆိုလည်း မမှားပါဘူး။ ပထမဆုံး အခွေတုန်းကဆိုရင် ငွေကြေးဆိုတာမပြောနဲ့ အနုပညာ ဖန်တီးမှုအပိုင်းကအစ အများကြီးအားနည်းခဲ့တယ်။ အခုနောက်ဆုံး ကိုမနောတို့နဲ့ ထွက်ခဲ့တဲ့ အခွေကျတော့မှာပဲ ပရိသတ်ရဲ့ သဘောထားကို နားလည် သွားတယ်။ အဲဒီတော့ သီချင်းတွေ ရွေးချယ်ရတာကအစ  သေချာ လုပ်ဖြစ်လာတယ်။ အဆို ပိုင်း၊ ရိုက်ကူးရေးအဆုံး အားလုံး ကိုယ်တိုင် စိတ်ကြိုက်လုပ်တတ်ခဲ့ပြီ အဆိုတော် တိုင်းကတော့ သီချင်းခွေထွက်တိုင်း အနုတ်ပြတာ ရိုးနေပါပြီ။ အမြတ်အစွန်းထက် အနုပညာပိုင်းကို ပရိသတ်အားပေးမှသာ နောက်ထပ်ဖန်တီးခွင့်ရတာပါ”ဟု ဆိုသည်။

 

ယခု နောက်ဆုံးထွက်ရှိလာမည့် " အချစ်နန်းတော်" တေးစီးရီးတွင် ပါဝင်သော သီချင်းများကို တေးရေး သဟာအောင်၊ ဟေးကို၊ KMG  ရေးသားထားပြီး သီချင်းစုစုပေါင်း (၁၆) ပုဒ် ပြုလုပ်ခဲ့ပြီး (၁၂) ပုဒ်ကို ကိုယ်တိုင်စိတ်ကြိုက် ရွေးချယ်ဖန်တီးထားကြောင်း  စုံတွဲအဖြစ် အဆိုတော် ဟဲလေးနှင့် တွဲဖက်သီဆိုထားပါတယ်။ သဟာအောင် ကိုယ်တိုင်ရေးသားထား သော တေးသီချင်းကို သီဆိုထားပြီး၊The Sun Music တေးထုတ်လုပ်ရေးမှ သြဂုတ်လတွင် ဖြန့်ချိမည်ဖြစ်ကြောင်း သိရသည်။

 

ကိုလင်း